ငြိမ်းချမ်းစွာ အာဏာ လွဲပြောင်းချိန်မှာ မငြိမ်သက်မှုတွေ ဖြစ်လာအောင် အဖွဲ့အစည်းတစ်ခုက ဆောင်ရွက်နေဟုဆို

0
352

ငြိမ်းချမ်းစွာ အာဏာ လွဲပြောင်းရေးဆောင်ရွက်နေချိန်မှာ မငြိမ်မသက်မှုတွေဖြစ်လာအောင် အဖွဲ့အစည်းတစ်ခုက ဆောင်ရွက်နေတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမင်းဇေယျက ပြောကြားလိုက်ပါတယ်။
Min Zay Yar

လှည်းကူးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိမ်းအပါဝင် လွှတ်တော် ကိုယ်စားလှယ် ၁ ဦးကို တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး လှည်းကူးမြို့နယ်က ပြည်သူ အင်အား ၂၀၀၀ လောက်က မတ်လ ၂၁ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမင်းဇေယျက သုံးသပ်ပြောကြားလိုက်တာပါ။

“ဒီနေ့ တာမွေမှာ ဆန္ဒပြကြတယ် လွတ်တော်ကိုယ်စာလှယ်နှစ်ဦးကို တရားဆွဲပေးဖို့ဆိုပြီးတော့ တောင်းဆို ကြတယ်။ အဲဒီကိစ္စတွေက ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိစ္စတွေ ဖြစ်တယ်။ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် ကော်မရှင်က စီစစ်ပြီးဖြေရှင်းမှာပေါ့၊ ကော်မရှင်ရဲ့ အလုပ်ပေါ့ဗျာ။ အဲဒါကို ထောင်နဲ့ချီတဲ့ လူထုက ဆန္ဒပြလာကြတယ်။ အဲဒါက အစိုးရသစ်ကို အကြပ်ကိုင်ကြတာပဲလို့ ကျွန်တော်မြင်တယ်။”

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အာဏာလွှဲပြောင်းရေး အပါဝင် လွှတ်တော်တွင်းဆောင်ရွက်ချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်ဆောင်နေ တာဖြစ်ပြီး ဒီလုပ်ဆောင်ချက်တွေအပေါ်အကျပ်တွေ့အောင် ပြင်ပအင်အားစုတွေက ဆောင်ရွက် နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်း သွားနိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း ဦးမင်းဇေယျကဆိုပါတယ်။

“အခုအစိုးရသစ်အနေနဲ့ ငြိမ်းချမ်းစွာ အာဏာ လွဲပြောင်းနိုင်ရေးကို ကြိုးစားနေတဲ့ အချိန်မှာ တစ်စုံတရာသော အုပ်စုက မငြိမ်မသက်မှုတွေဖြစ်လာအောင်၊ ပွတ်တိုက်မှုတွေဖြစ်လာအောင် ဖန်တီးလာတယ်လို့ကျွန်တော်မြင်တယ်။ ဒါပေမယ့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီအခက်အခဲတွေကို ကောင်းမွန်စွာနဲ့ ကိုင်တွယ်ဖြေရှင်း သွားနိုင် လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

လက်ရှိအခြေအနေမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် NLD အစိုးရ တာဝန်ပေးအပ်ဖို့ ရှိနေတယ်လို့သတင်းတွေထွက်နေတဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ဆန္ဒပြမှုအပြင် NLD ပါတီက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဟင်နရီဗန်ထီးယူကို ကန့်ကွက်ဆန္ဒပြဖို့ လှုံ့ဆော်တာတွေရှိခဲ့တာပါ။ ဒါအပြင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကိုပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ကန့်ကွက်မှုတွေပြုလုပ်မယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)