အစိုးရအဖွဲ့နဲ့ ပါတီကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်မယ်

0
301

ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့နဲ့ ပါတီကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွား မယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာတဲ့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။

DASSK_01

မတ်လ ၂၀ ရက်နေ့က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

လက်ရှိအခြေအနေမှာတော့ အစိုးရ အဖွဲ့မှာတာဝန်ယူမယ့် ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေးတွေကို ဆုံးဖြတ်ထားပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း လွှတ်တော်ကို တင်ပြသွားဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)