နိုင်ငံ့ဝန်ထမ်းတွေ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ အညီ လုပ်ရင် အလုပ်လက်မဲ့ဖြစ်စရာအကြောင်း မရှိဟု သမ္မတသစ်ပြော

0
310

လက်ရှိ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ကိုင်မယ်ဆိုရင် အလုပ်လက်မဲ့ ဖြစ်စရာအကြောင်း လုံးဝမရှိဘူးလို့ နိုင်ငံတော်သမ္မတသစ်အဖြစ် ရွေးကောက်တင် မြှောက်ခံ ထားရတဲ့ ဦးထင်ကျော်က ပြောကြား လိုက်ပါတယ်။

U HTIN KYAW

မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှာ အသစ်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့နဲ့ပတ်သက်ပြီး လွှတ်တော်ကို ရှင်းလင်းတင်ပြရာမှာ ဦးထင်ကျော်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားတဲ့နေရာမှာတော့ လျှော့ချလိုက်တဲ့ ၀န်ကြီးဌာနတွေက ဝန်ထမ်းတွေကို သင့်တော်သလို ပြောင်းရွှေ့နေရာချထားပေးပြီး အလုပ်အကိုင်လုံခြုံမှုကို ပေးမှာဖြစ်တယ်လို့လည်း သမ္မတသစ်က ဆိုပါတယ်။

ဒီလို ဝန်ကြီးနဲ့ ၀န်ကြီးဌာနတွေ လျှော့ချလိုက်တာကြောင့် သက်တမ်း ၅ နှစ်အတွင်းမှာ သန်းပေါင်း ၅ ထောင် လောက်ရှိတဲ့ လစာနဲ့ အဆောင်အယောင် စားစရိတ်တွေကို ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေမှာ ပိုမိုသုံးစွဲသွားမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)