ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ Visa နဲ့ Work Permit သက်တမ်းတိုးကြဖို့ မြန်မာသံရုံးနှိုးဆော်

0
315

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာနိုင်ငံသား အလုပ်သမားသမားတွေထဲက Visa နဲ့ Work Permit သက်တမ်းကုန်ဆုံးနေသူတွေ ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အတွင်း ဒေသအလိုက် ဖွင့်လှစ်ပေးထားမယ့် One Stop Service Centers(OS) တွေမှာ လာရောက် သက်တမ်းတိုးကြဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အသိပေး နှိုးဆော်လိုက်ပါတယ်။

သက်တမ်းကုန်ဆုံးတော့မယ့် ပန်းရောင်ကတ် ကိုင်ဆောင် ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက် ဘန်ကောက်မြို့နဲ့ ချင်းရိုင်းခရိုင်-မယ်ဆိုင်မြို့တွေမှာ မတ် ၃၁ ရက်အထိ၊ Talk ခရိုင်-မဲဆောက်မြို့နှင့် ရနောင်းခရိုင်တွေမှာ ဇွန် ၂၉ အထိ အဲ့ဒီ One Stop Service Centers(OS) တွေကို ဖွင့်လှစ် ပေးထားမှာပါ။

အဲ့ဒီ Visa နဲ့ Work Permit သက်တမ်းတိုးပေးတဲ့ အစီအစဉ်ထဲမှာတော့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လာရောက် အလုပ်လုပ်နေသူတွေ၊ ရေထွက်ပစ္စည်းစက်ရုံတွေမှာ အလုပ် လုပ်ကိုင်နေသူတွေ၊ ငါးဖမ်းလုပ်ငန်း တွေမှာ အလုပ်လုပ်ကိုင်နေသူတွေ သွားရောက်ဆောင်ရွက်ရန် မလိုအပ်ဘူးလို့လည်း သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)