ရာသီဥတုဖောက်ပြန်မှုဒဏ် ခံနိုင်တဲ့ သီးနှံတွေ စိုက်ပျိုးနိုင်ဖို့ သင်တန်းပို့ချ

0
166

ရာသီဥတုနဲ့ ကိုက်ညီမယ့် သီးနှံတွေစိုက်ပျိုးဖို့နဲ့ တောင်သူတွေကို နည်းပညာဖြန့်ဝေပေးဖို့ ရည်ရွယ်ပြီး၊ စိုက်ပျိုးရေးဝန်ထမ်းတွေကို သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ နှစ်စဉ် ရာသီဥတု ဖေါက်ပြန်မှုကြောင့် စိုက်ပျိုးရေးတောင်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်တဲ့ သီးနှံတွေ စိုက်ပျိုးနိုင်ဖို့နဲ့ နည်းပညာ ပြန်လည် ဖြန့်ဝေပေးဖို့ ရည်ရွယ်ပြီး မုံရွာမြို့မှာ စိုက်ပျိုးရေးဝန်ထမ်းတွေကို သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။

Soundbite  ဦးဝင်းလှိုင်ဦး (ညွန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန

အဲဒီ စိုက်ပျိုးရေးဝန်ထမ်းတွေကို ရာသီဥတုဖေါက်ပြန်မှုနဲ့ လိုက်လျောညီထွေမယ့် စိုက်ပျိုးနည်းစနစ်၊ ဘက်စုံသီးနှံ ပိုးမွှားကာကွယ်စနစ်၊ မိုးစပါး၊ နွေစပါးကို ရေနည်းနည်းနဲ့ စိုက်ပျိုးနိုင်တဲ့နည်းစနစ်၊ သဘာဝမြေသြဇာပြုလုပ်နည်းစနစ် စတာတွေကို ၃ ရက် သင်တန်းပို့ချပေးသွားမှာ ဖြစ်ပါတယ်။

Soundbite    ဦးအောင် (ဦးစီးမှူး) မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

အခုလို သင်တန်းပို့ချပေးတဲ့အတွက် စိုက်ပျိုးဝန်ထမ်းတွေအနေနဲ့ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ လုပ်ဆောင်ရမယ့် စိုက်နည်းစနစ်တွေကို တောင်သူလယ်သမားတွေကို ပြန်လည်ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပြီး၊ တောင်သူတွေမှာ စိုက်ပျိုးကုန်ကျစရိတ်လျော့ချနိုင်တဲ့အပြင် အထွက်နှုန်းတိုးတက်လာမယ့် အကျိုးကျေးဇူးတွေရရှိလာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။


ရာသီဥတုနဲ့ ကိုက်ညီမယ့် သီးနှံတွေစိုက်ပျိုးဖို့နဲ့ တောင်သူတွေကို နည်းပညာဖြန့်ဝေပေးဖို့ ရည်ရွယ်ပြီး၊ စိုက်ပျိုးရေးဝန်ထမ်းတွေကို သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ နှစ်စဉ် ရာသီဥတု ဖေါက်ပြန်မှုကြောင့် စိုက်ပျိုးရေးတောင်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။အဲဒါကြောင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်တဲ့ သီးနှံတွေ စိုက်ပျိုးနိုင်ဖို့နဲ့ နည်းပညာ ပြန်လည် ဖြန့်ဝေပေးဖို့ ရည်ရွယ်ပြီး မုံရွာမြို့မှာ စိုက်ပျိုးရေးဝန်ထမ်းတွေကို သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။

Soundbite ဦးဝင်းလှိုင်ဦး (ညွန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန

အဲဒီ စိုက်ပျိုးရေးဝန်ထမ်းတွေကို ရာသီဥတုဖေါက်ပြန်မှုနဲ့ လိုက်လျောညီထွေမယ့် စိုက်ပျိုးနည်းစနစ်၊ ဘက်စုံသီးနှံ ပိုးမွှားကာကွယ်စနစ်၊ မိုးစပါး၊ နွေစပါးကို ရေနည်းနည်းနဲ့ စိုက်ပျိုးနိုင်တဲ့နည်းစနစ်၊ သဘာဝမြေသြဇာပြုလုပ်နည်းစနစ် စတာတွေကို ၃ ရက် သင်တန်းပို့ချပေးသွားမှာ ဖြစ်ပါတယ်။

Soundbite ဦးအောင် (ဦးစီးမှူး) မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

အခုလို သင်တန်းပို့ချပေးတဲ့အတွက် စိုက်ပျိုးဝန်ထမ်းတွေအနေနဲ့ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ လုပ်ဆောင်ရမယ့် စိုက်နည်းစနစ်တွေကို တောင်သူလယ်သမားတွေကို ပြန်လည်ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပြီး၊ တောင်သူတွေမှာ စိုက်ပျိုးကုန်ကျစရိတ်လျော့ချနိုင်တဲ့အပြင် အထွက်နှုန်းတိုးတက်လာမယ့် အကျိုးကျေးဇူးတွေရရှိလာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)