အဂတိလုိက္စားမႈ တရားခံေျပးေတြကုိ သတင္းေပးတုိင္ၾကားဖို႔ ကိုယ္ေရး အခ်က္အလက္ ထုတ္ျပန္

0
1018

အဂတိလုိက္စားမႈနဲ႔ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ တရားခံေျပးေတြကုိ ဖမ္းဆီးရမိဖုိ႔အတြက္ ျပည္သူေတြအေနနဲ႔ သတင္းေပး တုိင္ၾကားႏုိင္တယ္လုိ႔ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ေၾကညာထားပါတယ္။

ဒီလုိ သတင္းေပး တုိင္ၾကားႏုိင္ဖုိ႔ တရားခံေျပး ၁၂ ဦးရဲ႕ ဓာတ္ပုံနဲ႔ ကုိယ္ေရး အခ်က္အလက္ေတြကုိ ထုတ္ျပန္ထားပါတယ္။ အဲဒီ တရားခံေတြဟာ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရး ေကာ္မရွင္က ၂၀၁၇ ခုႏွစ္နဲ႔ ၂၀၁၈ ခုႏွစ္ေတြမွာ စုံစမ္းစစ္ေဆးခဲ့တဲ့ အမႈေတြမွာ တုိင္ၾကားခံရသူေတြျဖစ္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆၊ ၅၇၊ ၆၃ တုိ႔နဲ႔ တရားစြဲဆုိ ခံထားရသူေတြျဖစ္ပါတယ္။

ထြက္ေျပး တိမ္းေရွာင္ေနသူေတြကေတာ့ မေကြးတုိင္း တရားလႊတ္ေတာ္ ဦးစီးအရာရွိ ေဒၚအဥၨလီျမရွိန္၊ သရက္ခ႐ိုင္ပညာေရးမွဴး႐ံုး လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒၚခင္အုန္းျမ၊ ကၽြန္းလွၿမဳိ႕နယ္ သစ္ေတာဦးစီးဌာန ေတာအုပ္ ဦးေဇာ္လင္းလင္းႏုိင္၊ ေပပင္ေခ်ာင္ ရဲကင္းစခန္း စခန္းမွဴး ရဲအုပ္ ရာဇာကုိကုိ၊ တရားမဝင္သစ္စက္ လုပ္ငန္းလုပ္ကုိင္သူ ဦးစိန္ေမာင္ဝင္း၊ ေမာ္လုိက္ ဒု ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ရဲေသြး၊ ေျမစာရင္းဌာန ဦးစီးအရာရွိ (ၿငိမ္း) ဦးျမင့္ေဝ၊ ေက်ာက္တံခါးၿမဳိ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာန ေျမတုိင္း (၄) ဦးလျပည့္ဝန္း (ေခၚ) ေမာင္ေမာင္၊ ဘုတလင္ၿမဳိ႕နယ္ တရားသူႀကီး ေဒၚေအးေအးႏြဲ႔၊ ဘုတလင္ၿမဳိ႕နယ္ ၿမိဳ႕နယ္ဥပေဒအရာရွိ ေဒၚယမင္းသန္႔၊ အထက္တန္းေရွ႕ေန ေဒၚစုၾကည္၊ တမူးခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ဦးတုိ႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဂတိလိုက်စားမှု တရားခံပြေးတွေကို သတင်းပေးတိုင်ကြားဖို့ ကိုယ်ရေး အချက်အလက် ထုတ်ပြန်

အဂတိလိုက်စားမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးတွေကို ဖမ်းဆီးရမိဖို့အတွက် ပြည်သူတွေအနေနဲ့ သတင်းပေး တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြေညာထားပါတယ်။

ဒီလို သတင်းပေး တိုင်ကြားနိုင်ဖို့ တရားခံပြေး ၁၂ ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေကို ထုတ်ပြန်ထားပါတယ်။ အဲဒီ တရားခံတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေမှာ တိုင်ကြားခံရသူတွေဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့နဲ့ တရားစွဲဆို ခံထားရသူတွေဖြစ်ပါတယ်။

ထွက်ပြေး တိမ်းရှောင်နေသူတွေကတော့ မကွေးတိုင်း တရားလွှတ်တော် ဦးစီးအရာရှိ ဒေါ်အဉ္ဇလီမြရှိန်၊ သရက်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အုန်းမြ၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန တောအုပ် ဦးဇော်လင်းလင်းနိုင်၊ ပေပင်ချောင် ရဲကင်းစခန်း စခန်းမှူး ရဲအုပ် ရာဇာကိုကို၊ တရားမဝင်သစ်စက် လုပ်ငန်းလုပ်ကိုင်သူ ဦးစိန်မောင်ဝင်း၊ မော်လိုက် ဒု ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေး၊ မြေစာရင်းဌာန ဦးစီးအရာရှိ (ငြိမ်း) ဦးမြင့်ဝေ၊ ကျောက်တံခါးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မြေတိုင်း (၄) ဦးလပြည့်ဝန်း (ခေါ်) မောင်မောင်၊ ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့၊ ဘုတလင်မြို့နယ် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယမင်းသန့်၊ အထက်တန်းရှေ့နေ ဒေါ်စုကြည်၊ တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)