လား႐ႈိးၿမိဳ႕မွာ ေပါက္ကြဲမႈျဖစ္

0
892

ရွမ္းျပည္နယ္၊ လား႐ိႈးၿမိဳ႕မွာ ဒီေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္ ညေန ၄ နာရီခြဲခန္႔က ႐ိုးမဘဏ္နဲ႔ ဧရာဘဏ္ၾကားမွာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။

လူမႈကြန္ရက္ ေဖ့စ္ဘုတ္ေပၚ တက္လာတဲ့ ဗီဒီယိုဖိုင္နဲ႔ ဓာတ္ပံုေတြအရ ႐ိုးမဘဏ္နဲ႔ ဧရာဘဏ္ အေဆာက္အဦးေတြ ထိခိုက္ပ်က္စီးေနတာကို ေတြ႔ရပါတယ္။ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန႐ံုးရဲ႕ ျပတင္းေပါက္ မွန္ေတြလည္း အကုန္နီးပါး ကြဲကုန္ၿပီး အနီးက ဆိုင္တစ္ခ်ိဳ႕၊ ကားတစ္ခ်ိဳ႕ ပ်က္စီးေနတာကိုလည္း ဓာတ္ပံုေတြထဲမွာ ေတြ႔ရပါတယ္။

ဗီဒီယိုဖိုင္နဲ႔ ဓာတ္ပံုေတြ အရ ေပါက္ကြဲမႈဟာ ျပင္းထန္ပံုရပါတယ္။ ညေန ၅ နာရီခြဲအထိ အစိုးရကေတာ့ ျဖစ္စဥ္ကို ထုတ္ျပန္ေၾကညာျခင္း မရွိေသးပါဘူး။ ေဒသခံေတြကေတာ့ ေပါက္ကြဲမႈေၾကာင့္ ေသဆံုးသူ မရွိဘူးလို႔ ေရးသားထားၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လားရှိုးမြို့မှာ ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က ရိုးမဘဏ်နဲ့ ဧရာဘဏ်ကြားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ် တက်လာတဲ့ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေအရ ရိုးမဘဏ်နဲ့ ဧရာဘဏ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးနေတာကို တွေ့ရပါတယ်။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးရဲ့ ပြတင်းပေါက် မှန်တွေလည်း အကုန်နီးပါး ကွဲကုန်ပြီး အနီးက ဆိုင်တစ်ချို့၊ ကားတစ်ချို့ ပျက်စီးနေတာကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေ အရ ပေါက်ကွဲမှုဟာ ပြင်းထန်ပုံရပါတယ်။ ညနေ ၅ နာရီခွဲအထိ အစိုးရကတော့ ဖြစ်စဉ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ဒေသခံတွေကတော့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ မရှိဘူးလို့ ရေးသားထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)