မံုရြာ-ေရႊဘို ကားလမ္းမွာ ကားမ်က္ႏွာခ်င္းဆိုင္တိုက္၊ ၃ ဦး မီးေလာင္ေသဆံုး

0
905

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္၊ ကမ္းျပဴးေက်းရြာအနီး မံုရြာ-ေရႊဘို ကားလမ္းမွာ ဆီပီပါ သယ္လာတဲ့ ကားနဲ႔ ေက်ာက္သယ္လာတဲ့ကား ၃ ဦး မီးေလာင္ ေသဆံုးၿပီး ၃ ဦး ဒဏ္ရာရရွိပါတယ္။

ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က မံုရြာကေန ေရႊဘိုကို ဆီပီပါေတြသယ္ၿပီး ဖိုးခ်မ္း (၂၇ ႏွစ္) ေမာင္းႏွင္ကာ မစန္းေအး အပါအဝင္ အမ်ိဳးသမီး ၄ ဦး လိုက္လာတဲ့ ၆ ဘီကားနဲ႔ ယာဥ္ေမာင္ အမည္ မသိရေသးတဲ့ ေက်ာက္သယ္ကား ၁၀ ဘီးယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိတာ ျဖစ္ပါတယ္။

ဆီပီပါတင္ယာဥ္ တိမ္းေမွာက္ၿပီး ယာဥ္ ၂ စီး မီးေလာင္မႈေၾကာင့္ ေဒၚၾကည္ခင္ (၅၀ ႏွစ္)၊ ၁၀ ဘီး ေက်ာက္သယ္ယာဥ္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လို႔ ဦးျမင့္ေက်ာ္ (၄၀ ႏွစ္) တို႔ မီးေလာင္ ေသဆံုးခဲ့ပါတယ္။ မစန္းေအးနဲ႔ က်န္ ၂ ဦးကေတာ့ ဒဏ္ရာ ရရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မုံရွာ-ရွှေဘို ကားလမ်းမှာ ကားမျက်နှာချင်းဆိုင်တိုက်၊ ၃ ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းပြူးကျေးရွာအနီး မုံရွာ-ရွှေဘို ကားလမ်းမှာ ဆီပီပါ သယ်လာတဲ့ ကားနဲ့ ကျောက်သယ်လာတဲ့ကား ၃ ဦး မီးလောင် သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က မုံရွာကနေ ရွှေဘိုကို ဆီပီပါတွေသယ်ပြီး ဖိုးချမ်း (၂၇ နှစ်) မောင်းနှင်ကာ မစန်းအေး အပါအဝင် အမျိုးသမီး ၄ ဦး လိုက်လာတဲ့ ၆ ဘီကားနဲ့ ယာဉ်မောင် အမည် မသိရသေးတဲ့ ကျောက်သယ်ကား ၁၀ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိတာ ဖြစ်ပါတယ်။

ဆီပီပါတင်ယာဉ် တိမ်းမှောက်ပြီး ယာဉ် ၂ စီး မီးလောင်မှုကြောင့် ဒေါ်ကြည်ခင် (၅၀ နှစ်)၊ ၁၀ ဘီး ကျောက်သယ်ယာဉ် ယာဉ်မောင်း၊ ယာဉ်နောက်လို့ ဦးမြင့်ကျော် (၄၀ နှစ်) တို့ မီးလောင် သေဆုံးခဲ့ပါတယ်။ မစန်းအေးနဲ့ ကျန် ၂ ဦးကတော့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)