ကေလးေတြ ပညာေရးအတြက္ ေအာင္လအန္ဆန္း လွဴဒါန္းမယ္

0
952

ONE ခ်န္ပီယံရွစ္ ေရႊခါးပတ္လုပြဲ ၿပဳိင္ပြဲမွာ ဝမ္း မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္းက myME: Myanmar Mobile Education Project ကုိ ေရာက္ခဲ့ၿပီးေနာက္ ကေလးေတြရဲ႕ ဘဝေတြ တိုးတက္ေစဖို႔ ပိုမိုေကာင္းမြန္တဲ့ ပညာေရးသင္ၾကားမႈေတြမွာ အေထာက္အကူအျဖစ္ လွဴဒါန္း ေပးသြားမယ္လို႔ ေျပာပါတယ္။

ေအာင္လအန္ဆန္းက ကေလးေတြအတြက္ လွဴဒါန္းေပးမယ့္အေၾကာင္းကို သူရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ေအာင္လအန္ဆန္းက myME: Myanmar Mobile Education Project ကုိ ေရာက္ခဲ့ၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အေတြ႔အႀကံဳေတြရကာ က်ြန္ေတာ့္ရဲ႕ Promo code: ONEAUNGLA ကတဆင့္ ပြဲလက္မွတ္ Discount ကေန ရရွိတဲ့ဝင္ေငြကို ကေလးေတြရဲ႕ ဘဝေလးေတြ တိုးတက္ေစဖို႔ ပိုမိုေကာင္းမြန္တဲ့ ပညာေရးသင္ၾကားမႈေတြမွာ အေထာက္အကူအျဖစ္ လွဴဒါန္း သြားဖို႔ ဆံုးျဖတ္ထားပါတယ္လို႔ ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ေအာင္လန္အန္ဆန္းက ရရွိတဲ့ Discount ၂၅ ရာခိုင္ႏႈန္းကို ပရဟိတ အလွဴေတြမွာ လွဴဒါန္းမယ္လို႔ ေရးသားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးတွေ ပညာရေးအတွက် အောင်လအန်ဆန်း လှူဒါန်းမယ်

ONE ချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ ပြိုင်ပွဲမှာ ဝမ်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းက myME: Myanmar Mobile Education Project ကို ရောက်ခဲ့ပြီးနောက် ကလေးတွေရဲ့ ဘဝတွေ တိုးတက်စေဖို့ ပိုမိုကောင်းမွန်တဲ့ ပညာရေးသင်ကြားမှုတွေမှာ အထောက်အကူအဖြစ် လှူဒါန်း ပေးသွားမယ်လို့ ပြောပါတယ်။

အောင်လအန်ဆန်းက ကလေးတွေအတွက် လှူဒါန်းပေးမယ့်အကြောင်းကို သူရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အောင်လအန်ဆန်းက myME: Myanmar Mobile Education Project ကို ရောက်ခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတွေရကာ ကျွန်တော့်ရဲ့ Promo code: ONEAUNGLA ကတဆင့် ပွဲလက်မှတ် Discount ကနေ ရရှိတဲ့ဝင်ငွေကို ကလေးတွေရဲ့ ဘဝလေးတွေ တိုးတက်စေဖို့ ပိုမိုကောင်းမွန်တဲ့ ပညာရေးသင်ကြားမှုတွေမှာ အထောက်အကူအဖြစ် လှူဒါန်း သွားဖို့ ဆုံးဖြတ်ထားပါတယ်လို့ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အောင်လန်အန်ဆန်းက ရရှိတဲ့ Discount ၂၅ ရာခိုင်နှုန်းကို ပရဟိတ အလှူတွေမှာ လှူဒါန်းမယ်လို့ ရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)