အထူးသတင္းေထာက္အဖြဲ႕ အႏိုင္က်င့္မႈရွိရင္ တိုင္ၾကားႏိုင္

0
1001

အထူးသတင္းေထာက္ အဖြဲ႕လို႔ အမည္ခံထားတဲ့ အဖြဲ႕က ျပည္သူလူထုအေပၚ အႏိုင္က်င့္တာေတြရွိလာရင္ အေရးယူဖို႔ ျပည္ထဲေရး ဝန္ႀကီးဌာနကို အေၾကာင္းၾကားထားတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

အထူးသတင္းေထာက္ အဖြဲ႔ရဲ႕ နာယကေတြဟာ အရင္က ျပည္ထဲေရး ဝန္ႀကီးဌာန အရာရွိေဟာင္းေတြ ျဖစ္ေနၿပီး လက္ရွိမွာလည္း ပတ္သက္မႈေတြ ရွိေနတယ္လို႔ ေဖေဖာ္ဝါရီ ၂၁ ရက္က ေနျပည္ေတာ္ ျပန္ၾကားေရး ဝန္ႀကီးဌာနမွာ က်င္းပတဲ့ မ႑ိဳင္ ၄ ရပ္ ဒုတိယအႀကိမ္ အလုပ္႐ံု ေဆြးေႏြးပြဲမွာ ဦးေဇာ္ေဌးက ေျပာၾကားတာ ျဖစ္ပါတယ္။

အထူးသတင္းေထာက္ အဖြဲ႔ ဆိုသူေတြ အေနနဲ႔ သတင္းသမားေတြ လိုက္နာရတဲ့ မီဒီယာာ က်င့္ဝတ္ေတြကို ခ်ိဳးေဖာက္ၿပီး သတင္းစုံစမ္း ေရးသားမႈကို အေၾကာင္းျပကာ ေငြေၾကးေတာင္းခံတာ၊ ၿခိမ္းေျခာက္တာေတြနဲ႔ အာဏာပိုင္ အဖြဲ႔အစည္းေတြကို သတင္းေပးတာေတြ လုပ္ေဆာင္ေနတာေၾကာင့္ သတင္းမီဒီယာ ေလာကမွာ ေဝဖန္မႈေတြ ရွိေနတာ ျဖစ္ပါတယ္။ အထူးသတင္းေထာက္ အဖြဲ႔ဝင္ေတြ တစ္ႏိုင္ငံလုံး အတိုင္းအတာအရ အဖြဲ႔ဝင္ ၂ ေသာင္းေက်ာ္ ရွိတယ္လို႔ ဆိုပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အထူးသတင်းထောက်အဖွဲ့ အနိုင်ကျင့်မှုရှိရင် တိုင်ကြားနိုင်
အထူးသတင်းထောက် အဖွဲ့လို့ အမည်ခံထားတဲ့ အဖွဲ့က ပြည်သူလူထုအပေါ် အနိုင်ကျင့်တာတွေရှိလာရင် အရေးယူဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို အကြောင်းကြားထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

အထူးသတင်းထောက် အဖွဲ့ရဲ့ နာယကတွေဟာ အရင်က ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိဟောင်းတွေ ဖြစ်နေပြီး လက်ရှိမှာလည်း ပတ်သက်မှုတွေ ရှိနေတယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ မဏ္ဍိုင် ၄ ရပ် ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲမှာ ဦးဇော်ဌေးက ပြောကြားတာ ဖြစ်ပါတယ်။

အထူးသတင်းထောက် အဖွဲ့ ဆိုသူတွေ အနေနဲ့ သတင်းသမားတွေ လိုက်နာရတဲ့ မီဒီယာ ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး သတင်းစုံစမ်း ရေးသားမှုကို အကြောင်းပြကာ ငွေကြေးတောင်းခံတာ၊ ခြိမ်းခြောက်တာတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေကို သတင်းပေးတာတွေ လုပ်ဆောင်နေတာကြောင့် သတင်းမီဒီယာ လောကမှာ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အထူးသတင်းထောက် အဖွဲ့ဝင်တွေ တနိုင်ငံလုံး အတိုင်းအတာအရ အဖွဲ့ဝင် ၂ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)