အထူးသတင္းေထာက္ အမည္ခံျပီး လူထုအေပၚႏုိင့္ထက္စီးနင္းမလုပ္ေစရန္ ျပည္ထဲေရးအား အေၾကာင္းၾကားထား(႐ုပ္/သံ)

0
962

အထူးသတင္းေထာက္အမည္ခံျပီ ျပည္သူလူထုအေပၚ အႏုိင္က်င့္မႈေတြကို တားဆီးေပးဖို႔အတြက္ ျပည္ထဲေရး၀န္ၾကီး႒ာနကို အေၾကာင္းၾကားထားပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ေနျပည္ေတာ္ ျပန္ၾကားေရး၀န္ၾကီး႒ာနမွာ ေဖေဖၚ၀ါရီ ၂၁ ရက္က ျပဳလုပ္တဲ့ မ႑ိဳင္ ၄ ရပ္ ဒုတိယအၾကိမ္ အလုပ္ရုံေဆြးေႏြးပြဲျပဳလုပ္ခဲ႔တာပါ ။
ဒီေဆြးေႏြးပြဲမွာ ၀တ္စံုျပည့္၀တ္ဆင္ထားတဲ႔ အထူးသတင္းေထာက္ေတြနဲ႔ ပတ္သက္ျပီး ျပည္ထဲေရးကလည္း ေၾကာ္ျငာခ်က္ထုတ္ျပန္ထားသလို ျပည္သူလူထုအေပၚ ႏုိင္ထက္စီးနင္း ျပဳလုပ္ေနတာေတြကို တားဆီးေပးဖို႔ ျပည္ထဲေရး၀န္ၾကီး႒ာနကို အေၾကာင္းၾကားထားတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရုံး ၀န္ၾကီး႒ာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေ႒း က ေျပာပါတယ္။

Soundbite – ဦးေဇာ္ေ႒း ( ညႊန္ၾကားေရးမွဴးခ်ဳပ္၊ႏုိင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ၾကီး႒ာန)

ဒါအျပင္ သတင္းေထာက္ေတြအတြက္ထုတ္ေပးတဲ့ သက္ဆိုင္ရာသတင္းေထာက္ကတ္ျပားေတြနဲ႔ ပတ္သက္ျပီးေတာ႔ မ႑ိဳင္ေလးရပ္ ေဆြးေႏြးပြဲမွာ ထည့္သြင္းေဆြးေႏြးခဲ႔ပါတယ္ ။ သတင္းမီဒီယာေကာင္စီ အေနနဲ႔ သတင္းေထာက္ အားလံုးကို တူညီတဲ့ သတင္းေထာက္မွတ္ပံုတင္မ်ိဳး ထုတ္ေပးဖို႔ကိုလည္း ႔ ဦးေဇာ္ေ႒း က အၾကံျပဳေျပာၾကားခဲ႔ပါတယ္ ။

Soundbite – ဦးေဇာ္ေ႒း ( ညႊန္ၾကားေရးမွဴးခ်ဳပ္၊ႏုိင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ၾကီး႒ာန)

ဒီဆိုေဆြးေႏြးပြဲေတြျပဳလုပ္ရတာက အုပ္ခ်ဳပ္ေရးမ႑ိဳင္၊ဥပေဒျပဳေရးမ႑ိဳင္၊တရားစီရင္ေရးမ႑ိဳင္၊ သတင္းမီဒီယာမ႑ိဳင္ တုိ႔က ကိုယ္စားလွယ္ေတြအေနနဲ႔ သတင္းရယူခြင့္ဆုိင္ရာ အေျခအေနေတြ တုိးတက္လာေစဖုိ႔ ရည္ရြယ္လုပ္ေဆာင္ခဲ႔ၾကတာျဖစ္ပါတယ္ ။ မ႑ိဳင္ ၄ ရပ္ မပထမအၾကိမ္ကို ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလက ျပဳလုပ္ခဲ့ျပီး တစ္ႏွစ္ေက်ာ္အၾကာမွာ ဒုတိယအၾကိမ္အျဖစ္ ေတြ႕ဆံုေဆြးေႏြးၾကတာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အထူးသတင်းထောက်အမည်ခံပြီ ပြည်သူလူထုအပေါ် အနိုင်ကျင့်မှုတွေကို တားဆီးပေးဖို့အတွက် ပြည်ထဲရေးဝန်ကြီးဋ္ဌာနကို အကြောင်းကြားထားပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှာ ဖေဖေါ်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ မဏ္ဍိုင် ၄ ရပ် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ ။
ဒီဆွေးနွေးပွဲမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ အထူးသတင်းထောက်တွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးကလည်း ကြော်ငြာချက်ထုတ်ပြန်ထားသလို ပြည်သူလူထုအပေါ် နိုင်ထက်စီးနင်း ပြုလုပ်နေတာတွေကို တားဆီးပေးဖို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကို အကြောင်းကြားထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး က ပြောပါတယ်။

Soundbite – ဦးဇော်ဋ္ဌေး ( ညွှန်ကြားရေးမှူးချုပ်၊နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန)

ဒါအပြင် သတင်းထောက်တွေအတွက်ထုတ်ပေးတဲ့ သက်ဆိုင်ရာသတင်းထောက်ကတ်ပြားတွေနဲ့ ပတ်သက်ပြီးတော့ မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ် ။ သတင်းမီဒီယာကောင်စီ အနေနဲ့ သတင်းထောက် အားလုံးကို တူညီတဲ့ သတင်းထောက်မှတ်ပုံတင်မျိုး ထုတ်ပေးဖို့ကိုလည်း ့ ဦးဇော်ဋ္ဌေး က အကြံပြုပြောကြားခဲ့ပါတယ် ။

Soundbite – ဦးဇော်ဋ္ဌေး ( ညွှန်ကြားရေးမှူးချုပ်၊နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန)

ဒီဆိုဆွေးနွေးပွဲတွေပြုလုပ်ရတာက အုပ်ချုပ်ရေးမဏ္ဍိုင်၊ဥပဒေပြုရေးမဏ္ဍိုင်၊တရားစီရင်ရေးမဏ္ဍိုင်၊ သတင်းမီဒီယာမဏ္ဍိုင် တို့က ကိုယ်စားလှယ်တွေအနေနဲ့ သတင်းရယူခွင့်ဆိုင်ရာ အခြေအနေတွေ တိုးတက်လာစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ။ မဏ္ဍိုင် ၄ ရပ် မပထမအကြိမ်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)