ၿငိမ္းခ်မ္းေရးအတြက္ ႏွစ္ေပါင္း ၇၀ ထပ္ေစာင့္ဖို႔ မျဖစ္ႏုိင္ဘူးလို႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေျပာ

0
988

ၿငိမ္းခ်မ္းေရး ရရွိဖို႔ ႏွစ္ေပါင္း ၇၀ ထပ္ေစာင့္ဖို႔ လံုးဝ မျဖစ္ႏိုင္ဘူးလို႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ႏွစ္ (၇၀) ျပည့္ ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားမွာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့တာျဖစ္ပါတယ္။

ခ်င္းအဖြဲ႔ဟာ အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္မွာ ေစာေစာစီးစီး လက္မွတ္ထုိးတဲ့ အဖြဲ႔ထဲမွာ ပါဝင္ၿပီး အပစ္အခတ္ရပ္စဲ ေရးစာခ်ဳပ္မွာ လက္မွတ္ထိုးတယ္ ဆိုတာဟာ ပထမေျခလွမ္းေလာက္ပဲ ရွိပါေသးတယ္၊ ေနာင္ သြားရမယ့္ လမ္းက ရွည္တယ္၊ ရွည္တဲ့အခါ အေဖာ္မပါတဲ့အတြက္ လမ္းေလွ်ာက္ရတဲ့အခါမွာ ရွည္မွန္း မသိပါဘူးလို႔ သူက ေျပာပါတယ္။

ဒါေၾကာင့္ ကြၽန္မတို႔ရဲ႕ ၿငိမ္းခ်မ္းေရးလမ္းဆိုတာ မရွည္ေအာင္ လုပ္ရမွာျဖစ္ၿပီး အေၾကာင္းေၾကာင္းေၾကာင့္ ရွည္ခဲ့ရင္လည္း ေလွ်ာက္လွမ္းရာမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေလွ်ာက္လွမ္းႏုိင္ဖို႔ အားလံုးဝိုင္းၿပီးေတာ့ ပံ့ပိုးေပးဖို႔ဆိုတာ အင္မတန္မွ အေရးႀကီးတယ္လို႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္က ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း ၇၀ ထပ်စောင့်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

ငြိမ်းချမ်းရေး ရရှိဖို့ နှစ်ပေါင်း ၇၀ ထပ်စောင့်ဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

ချင်းအဖွဲ့ဟာ အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ စောစောစီးစီး လက်မှတ်ထိုးတဲ့ အဖွဲ့ထဲမှာ ပါဝင်ပြီး အပစ်အခတ်ရပ်စဲ ရေးစာချုပ်မှာ လက်မှတ်ထိုးတယ် ဆိုတာဟာ ပထမခြေလှမ်းလောက်ပဲ ရှိပါသေးတယ်၊ နောင် သွားရမယ့် လမ်းက ရှည်တယ်၊ ရှည်တဲ့အခါ အဖော်မပါတဲ့အတွက် လမ်းလျှောက်ရတဲ့အခါမှာ ရှည်မှန်း မသိပါဘူးလို့ သူက ပြောပါတယ်။

ဒါကြောင့် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလမ်းဆိုတာ မရှည်အောင် လုပ်ရမှာဖြစ်ပြီး အကြောင်းကြောင်းကြောင့် ရှည်ခဲ့ရင်လည်း လျှောက်လှမ်းရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လှမ်းနိုင်ဖို့ အားလုံးဝိုင်းပြီးတော့ ပံ့ပိုးပေးဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)