ဆလံု ႐ိုးရာနတ္ပြဲကို ေႏွာင့္ယွက္သူ ၄ ဦး ဖမ္းဆီးခံရ

0
898

တနသၤာရီတိုင္း၊ ေကာ့ေသာင္းခ႐ိုင္၊ ဘုတ္ျပင္းၿမိဳ႕နယ္မွာ ဆလံုတိုင္းရင္းသားေတြ ႐ိုးရာနတ္ပြဲကို ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က က်င္းပစဥ္ မူးယစ္ရမ္းယား ေႏွာင့္ယွက္တဲ့ ေရလုပ္သား ၄ ဦးကုိ ဖမ္းဆီးထားပါတယ္။

စူငယ္ဘာလိုင္း ေက်းရြာအုပ္စု၊ မႀကံဳဂလတ္ ေက်းရြာမွာ လူနည္းစု ဆလံုတိုင္းရင္းသားေတြ နတ္ပြဲက်င္းပေနစဥ္ ေရလုပ္သား ၄ ဦးက ကမ္းေပၚကို တက္လာၿပီး တုတ္၊ ဓားေတြနဲ႔ မူးယစ္ေသာက္စားၿပီး ျပႆနာရွာတာ ျဖစ္တယ္လို႔ ရြာခံ ဦးခင္ေမာင္ေထြးက ေျပာပါတယ္။

“ရြာသားေတြက လိုက္ထိန္းေပမယ့္ တုတ္ေတြ၊ ဓားေတြနဲ႔ သံပိုက္လံုးေတြဆြဲၿပီး နတ္စင္ ၿခံစည္း႐ိုးေတြ ႐ိုက္ဖ်က္တယ္၊ ေနာက္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေဒသခံေတြကို ႐ိုင္း႐ိုင္းစိုင္းစိုင္းနဲ႔ ေဟာ္ဟစ္ဆဲဆိုၿပီး သစ္္ေတာဌာနက စက္ေလွကိုလည္း ဓားနဲ႔ ခုတ္ထစ္သြားတယ္” လို႔ ဦးခင္ေမာင္ေထြးက ေျပာပါတယ္။

အဲဒီလို ရမ္းကားဖ်က္ဆီးတဲ့ ေရလုပ္သား ၄ ဦးကို ေအာင္ဘာရြာမွာ ထိန္းသိမ္းထားၿပီး ေကာ့ေသာင္းခ႐ိုင္ ရဲမွဴးကိုယ္တိုင္ ဒီေန႔ မႀကံဳဂလတ္ ေက်းရြာမွာ လာစစ္ေနကာ ဘယ္လို အေရးယူမယ္ဆိုတာ မသိေသးဘူးလို႔ စူငယ္ဘာလိုင္း ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေဌးႏိုင္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆလုံ ရိုးရာနတ်ပွဲကို နှောင့်ယှက်သူ ၄ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ ဆလုံတိုင်းရင်းသားတွေ ရိုးရာနတ်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပစဉ် မူးယစ်ရမ်းယား နှောင့်ယှက်တဲ့ ရေလုပ်သား ၄ ဦးကို ဖမ်းဆီးထားပါတယ်။

စူငယ်ဘာလိုင်း ကျေးရွာအုပ်စု၊ မကြုံဂလတ် ကျေးရွာမှာ လူနည်းစု ဆလုံတိုင်းရင်းသားတွေ နတ်ပွဲကျင်းပနေစဉ် ရေလုပ်သား ၄ ဦးက ကမ်းပေါ်ကို တက်လာပြီး တုတ်၊ ဓားတွေနဲ့ မူးယစ်သောက်စားပြီး ပြဿနာရှာတာ ဖြစ်တယ်လို့ ရွာခံ ဦးခင်မောင်ထွေးက ပြောပါတယ်။

“ရွာသားတွေက လိုက်ထိန်းပေမယ့် တုတ်တွေ၊ ဓားတွေနဲ့ သံပိုက်လုံးတွေဆွဲပြီး နတ်စင် ခြံစည်းရိုးတွေ ရိုက်ဖျက်တယ်၊ နောက် အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေကို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ဟော်ဟစ်ဆဲဆိုပြီး သစ်တောဌာနက စက်လှေကိုလည်း ဓားနဲ့ ခုတ်ထစ်သွားတယ်” လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

အဲဒီလို ရမ်းကားဖျက်ဆီးတဲ့ ရေလုပ်သား ၄ ဦးကို အောင်ဘာရွာမှာ ထိန်းသိမ်းထားပြီး ကော့သောင်းခရိုင် ရဲမှူးကိုယ်တိုင် ဒီနေ့ မကြုံဂလတ် ကျေးရွာမှာ လာစစ်နေကာ ဘယ်လို အရေးယူမယ်ဆိုတာ မသိသေးဘူးလို့ စူငယ်ဘာလိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)