
0
838




>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတကာ စီးပွားရေး ကိုယ်စားလှယ်တွေ တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ စီးပွားရေး ကိုယ်စားလှယ်တွေ ပါဝင်တဲ့ Chief Executives Organization (CEO) အဖွဲ့တို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနေ့က ဖေဖော်ဝါရီ ၂၀ မှာ တွေ့ဆုံပါတယ်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း၊ ပညာရေး၊ သတင်းမီဒီယာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတွေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ် အခြေအနေတို့မှာ အစိုးရရဲ့ ဆောင်ရွက်ထားမှုတွေကို ဆွေးနွေးပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)