ရန္ကုန္ ဘူတာႀကီး ဖြံ႕ၿဖိဳးေရး စီမံကိန္း အလုပ္အကိုင္ ၁ သိန္း ဖန္တီးေပးမယ္

0
1096

ရန္ကုန္ မီးရထား ဘူတာႀကီးဝင္း ဘက္စံုဖြံ႕ၿဖိဳးေရး စီမံကိန္းကေန အလုပ္အကိုင္ေပါင္း ၁ သိန္း ဖန္တီးေပးႏိုင္မွာ ျဖစ္ပါတယ္။

အေမရိကန္ ေဒၚလာ ၂ ဒသမ ၅ ဘီလီယံ ကုန္က်မယ့္ ရန္ကုန္ မီးရထားဘူတာႀကီးဝင္း ဘက္စံုဖြံ႔ၿဖိဳးတိုးတက္ေရး စီမံကိန္းကေန ျပည္သူေတြအတြက္ အလုပ္အကိုင္ေပါင္း ၁ သိန္းခန္႔ကို ဖန္တီးေပးႏိုင္မွာ ျဖစ္တယ္လို႔ CENTRAL Transport Development Constrium က သတင္းထုတ္ျပန္လိုက္ပါတယ္။

CENTRAL Transport Development Constrium (CTDC) ဟာ ရန္ကုန္ၿမိဳ႕ရွိ ၆၃ ဧကေက်ာ္ က်ယ္ဝန္းတဲ့ ရန္ကုန္ဘူတာႀကီး ဧရိယာ ဘက္စံုဖြံ႔ၿဖိဳးတိုးတက္ေရး စီမံကိန္းအတြက္ ေက်နပ္ဖြယ္ရာ အရွိဆံုး တင္ဒါအဆို တင္သြင္းသူအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာပါ။

အဲ့ဒီ ဘက္စံု စီမံကိန္းမွာ ၾကမ္းခင္းဧရိယာ စတုရန္းမီတာ ၁ ဒသမ ၀၉ သန္း ပါ၀င္ၿပီး ဇုန္ ၆ ခု အတြင္းမွာ အထင္ကရ ညီေနာင္တာဝါ ႐ံုးခန္း အေဆာက္အဦးေတြ၊ ဟိုတယ္ေတြ၊ ပန္းၿခံေတြ၊ အိမ္ရာေတြ ပါရွိမွာျဖစ္ၿပီး စီမံကိန္းဟာ ၈ ႏွစ္ ၾကာျမင့္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန် ဘူတာကြီး ဖွံ့ဖြိုးရေး စီမံကိန်း အလုပ်အကိုင် ၁ သိန်း ဖန်တီးပေးမယ်

ရန်ကုန် မီးရထား ဘူတာကြီးဝင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကနေ အလုပ်အကိုင်ပေါင်း ၁ သိန်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမယ့် ရန်ကုန် မီးရထားဘူတာကြီးဝင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကနေ ပြည်သူတွေအတွက် အလုပ်အကိုင်ပေါင်း ၁ သိန်းခန့်ကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ CENTRAL Transport Development Constrium က သတင်းထုတ်ပြန်လိုက်ပါတယ်။

CENTRAL Transport Development Constrium (CTDC) ဟာ ရန်ကုန်မြို့ရှိ ၆၃ ဧကကျော် ကျယ်ဝန်းတဲ့ ရန်ကုန်ဘူတာကြီး ဧရိယာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ကျေနပ်ဖွယ်ရာ အရှိဆုံး တင်ဒါအဆို တင်သွင်းသူအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

အဲ့ဒီ ဘက်စုံ စီမံကိန်းမှာ ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ဝ၉ သန်း ပါဝင်ပြီး ဇုန် ၆ ခု အတွင်းမှာ အထင်ကရ ညီနောင်တာဝါ ရုံးခန်း အဆောက်အဦးတွေ၊ ဟိုတယ်တွေ၊ ပန်းခြံတွေ၊ အိမ်ရာတွေ ပါရှိမှာဖြစ်ပြီး စီမံကိန်းဟာ ၈ နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)