ဇီး႐ိုး လိုင္းမွာ ေရာက္ေနသူေတြကို INGO ေတြ ကူညီမႈ တားျမစ္ဖို႔ ဘဂၤလားေဒ့ရွ္ကို ေျပာ

0
886

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ ဇီ႐ိုး လိုင္းမွာ မြတ္စလင္ေတြ ဝင္ေရာက္ေနထိုင္ျခင္းဟာ ဥပေဒနဲ႔ ညီညြတ္မႈ မရွိတဲ့အတြက္ ႏိုင္ငံတကာ အကူအညီေပးေရး INGO အဖြဲ႕ေတြက သြယ္ဝိုက္ ေထာက္ပံ့ေနတာေတြကို ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က တားျမစ္ေပးဖို႔ ျမန္မာကိုယ္စားလွယ္ေတြက ေျပာပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂၀ ေတာင္ၿပဳိလက္ဝဲ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုး အစည္းအေဝးခန္းမမွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ကိုယ္စားလွယ္ေတြ ေတြ႔ဆံုၿပီး ဇီး႐ိုး လိုင္းမွာ ရွိေနသူေတြ ေနရပ္ျပန္ေရး ေဆြးေႏြးစဥ္ ျမန္မာႏုိင္ငံဘက္က ခ႐ိုင္အဆင့္ နယ္စပ္အာဏာပိုင္အဖြဲ႔က ေျပာတာ ျဖစ္ပါတယ္။

ဇီး႐ိုးလိုင္း ဧရိယာထဲကို ျပည္ပ INGO ေတြ ေစလႊတ္ေရးကို ဘဂၤလားေဒ့ရွ္ အစိုးရက လုပ္ေဆာင္တာ မဟုတ္ေၾကာင္း၊ သူတို႔ဘာသာ ေထာက္ပံ့ကူညီမႈေတြ ေဆာင္ရြက္တာျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ကိုယ္စားလွယ္ေတြကလည္း ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇီးရိုး လိုင်းမှာ ရောက်နေသူတွေကို INGO တွေ ကူညီမှု တားမြစ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ပြော

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဇီရိုး လိုင်းမှာ မွတ်စလင်တွေ ဝင်ရောက်နေထိုင်ခြင်းဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့အတွက် နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့တွေက သွယ်ဝိုက် ထောက်ပံ့နေတာတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တားမြစ်ပေးဖို့ မြန်မာကိုယ်စားလှယ်တွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၀ တောင်ပြိုလက်ဝဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ဇီးရိုး လိုင်းမှာ ရှိနေသူတွေ နေရပ်ပြန်ရေး ဆွေးနွေးစဉ် မြန်မာနိုင်ငံဘက်က ခရိုင်အဆင့် နယ်စပ်အာဏာပိုင်အဖွဲ့က ပြောတာ ဖြစ်ပါတယ်။

ဇီးရိုးလိုင်း ဧရိယာထဲကို ပြည်ပ INGO တွေ စေလွှတ်ရေးကို ဘင်္ဂလားဒေ့ရှ် အစိုးရက လုပ်ဆောင်တာ မဟုတ်ကြောင်း၊ သူတို့ဘာသာ ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေကလည်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)