
0
941




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဂျာမနီနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုး

ပုဂံဒေသမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်ရေး မြန်မာ-ဂျာမနီ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။

နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနဲ့ ဂျာမနီနိုင်ငံ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စက် ဒေါ်ရိုသီ ဂျန်ကီ ဝါဂယ်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက အသိသက်သေအဖြစ် တက်ရောက်ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)