
0
908




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မမှန်ကန်တဲ့ အကြောင်းပြချက်တွေ ပြောနေလို့ နယ်ခြားမှာ ပိတ်မိနေသူတွေကို ဖြောင်းဖျပေးဖို့ ပြော

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လူနေခွင့်မရှိတဲ့ ဇီးရိုး လိုင်းမှာ ပိတ်မိနေတဲ့ မွတ်စလင် ၆ ထောင်ဟာ နေရပ်ပြန်ရေးမှာ မမှန်ကန်တဲ့ အကြောင်းပြချက်တွေကို ပြောဆိုနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လိုအပ်တဲ့ ကူညီဖြောင်းဖျမှုတွေ ပြောဆိုစေလိုကြောင်း မြန်မာကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၀ တောင်ပြိုလက်ဝဲ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ဇီးရိုး လိုင်းမှာ ရှိနေသူတွေ နေရပ်ပြန်ရေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇီးရိုး လိုင်းမှာ ရောက်နေတဲ့ မွတ်စလင်တွေက ခြိမ်းခြောက်မှုနဲ့ NVC လုပ်ငန်းစဉ်အရ လုံခြုံရေး စိုးရိမ်ဖွယ်ရာ ရှိတယ်ဆိုပြီး မမှန်ကန်တဲ့ အကြောင်းပြချက်တွေကို ပြောဆိုနေကြောင်း မြန်မာကိုယ်စားလှယ်တွေက ပြောတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)