မူးယစ္ေဆး၀ါးမႈေတြေၾကာင့္ ႏိုင္ငံေရး အေျခခံအုတ္ျမစ္ကို လိႈက္စားလာတယ္လို႔ ဝန္ႀကီး ဒု ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြေျပာ

0
937

မူးယစ္ေဆးဝါးမႈေတြေၾကာင့္ ႏိုင္ငံေရး အေျခခံအုတ္ျမစ္ကို လိႈက္စားလာတယ္လို႔ ေနျပည္ေတာ္ ဟီလ္တန္ ဟိုတယ္မွာ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔က ျပဳလုပ္တဲ့ အမ်ိဳးသားမူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးမူဝါဒ ထုတ္ျပန္ေၾကညာခ်က္ အခမ္းအနားမွာ ျပည္ထဲေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြက ေျပာၾကားခဲ့ပါတယ္။

မူးယစ္ေဆးဝါး တရားမဝင္ ထုတ္လုပ္မႈ၊ သယ္ေဆာင္ေရာင္းဝယ္မႈ၊ သုံးစြဲမႈေတြဟာ ျပည္သူေတြရဲ႕ က်န္းမာေရးနဲ႔ ေအးခ်မ္းစြာ ေနထိုင္မႈကို ဆိုးရြားစြာ ၿခိမ္းေျခာက္ေနတာျဖစ္ၿပီး လူ႔အဖြဲ႕အစည္းေတြရဲ႕ စီးပြားေရး၊ လူမႈေရး၊ ယဥ္ေက်းမႈနဲ႔ နိုင္ငံေရးအေျခခံ အုတ္ျမစ္ေတြကိုလည္း လိႈက္စားလာတာကို ေတြ႔ရတယ္လို႕ ျပည္ေထာင္စု ဝန္ႀကီးက ေျပာၾကားခဲ့တာပါ။

အခမ္းနားကို မူးယစ္ဗဟိုအဖြဲ႔ဝင္ေတြ အမ်ိဳးသားမူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး မူဝါဒသစ္ေရးဆြဲေရး ဦးစီး ေကာ္မတီဝင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ျမန္မာႏိုင္ငံနဲ႔ မူးယစ္ေဆးဝါး ပူးေပါင္းထိန္းခ်ဳပ္ေရးဆိုင္ရာ သေဘာတူ လက္မွတ္ေရးထိုးထားတဲ့ ႏိုင္ငံေတြက သံအမတ္ႀကီးေတြ တက္ေရာက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးဝါးမှုတွေကြောင့် နိုင်ငံရေး အခြေခံအုတ်မြစ်ကို လှိုက်စားလာတယ်လို့ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေပြော

မူးယစ်ဆေးဝါးမှုတွေကြောင့် နိုင်ငံရေး အခြေခံအုတ်မြစ်ကို လှိုက်စားလာတယ်လို့ နေပြည်တော် ဟီလ်တန် ဟိုတယ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ထုတ်ပြန်ကြေညာချက် အခမ်းအနားမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုတွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အေးချမ်းစွာ နေထိုင်မှုကို ဆိုးရွားစွာ ခြိမ်းခြောက်နေတာဖြစ်ပြီး လူ့အဖွဲ့အစည်းတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခြေခံ အုတ်မြစ်တွေကိုလည်း လှိုက်စားလာတာကို တွေ့ရတယ်လို့ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့တာပါ။

အခမ်းနားကို မူးယစ်ဗဟိုအဖွဲ့ဝင်တွေ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ရေးဆွဲရေး ဦးစီး ကော်မတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံနဲ့ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေက သံအမတ်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)