သူနာျပဳ၊ သားဖြား သင္တန္းသားဦးေရ တုိးျမႇင့္ဖို႔ အထူးေဆာင္ရြက္မယ္လို႔ ဝန္ႀကီး ေဒါက္တာ ျမင့္ေထြး ေျပာ

0
1068

သူနာျပဳ၊ သားဖြား သင္တန္းသားဦးေရ တိုးျမွင့္ဖို႔ အထူးေဆာင္ရြက္မယ္လို႔ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာၾကားပါတယ္။

ေလရွီး မဲဆႏၵနယ္က ဦးေက်ာ္ေဌးရဲ႕ ေလရွီး၊ လဟယ္၊ နန္းယြန္းၿမိဳ႕နယ္ေတြက ေလွ်ာက္ထားတဲ့ သူနာျပဳ၊ သားဖြား သင္တန္းသားဦးေရ တိုးျမႇင့္တက္ေရာက္ ခြင့္ျပဳဖို႔ အစီအစဥ္ ရွိ၊ မရွိ ေမးခြန္းေမးျမန္းခဲ့တာကို ျမန္မာႏိုင္ငံတစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ သူနာျပဳေက်ာင္း ၂၅ ေက်ာင္း၊ သားဖြားေက်ာင္း ၂၂ ေက်ာင္း ရွိၿပီး လာမယ့္ ၂၀၁၈ ခုႏွစ္ သင္တန္းသားေတြ ေရြးခ်ယ္တဲ့အခါမွာ ေလရွီး၊ လဟယ္၊ နန္းယြန္းၿမိဳ႕နယ္ေတြက ေလွ်ာက္ထားတဲ့ သူနာျပဳ ၊သားဖြား သင္တန္းသားေတြကို အထူးကိစၥရပ္တစ္ခုအေနနဲ႕ ေခၚယူသြားမယ္လို႔ ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သူနာပြု၊ သားဖွား သင်တန်းသားဦးရေ တိုးမြှင့်ဖို့ အထူးဆောင်ရွက်မယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေး ပြော

သူနာပြု၊ သားဖွား သင်တန်းသားဦးရေ တိုးမြှင့်ဖို့ အထူးဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားပါတယ်။

လေရှီး မဲဆန္ဒနယ်က ဦးကျော်ဌေးရဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေက လျှောက်ထားတဲ့ သူနာပြု၊ သားဖွား သင်တန်းသားဦးရေ တိုးမြှင့်တက်ရောက် ခွင့်ပြုဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့တာကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သူနာပြုကျောင်း ၂၅ ကျောင်း၊ သားဖွားကျောင်း ၂၂ ကျောင်း ရှိပြီး လာမယ့် ၂၀၁၈ ခုနှစ် သင်တန်းသားတွေ ရွေးချယ်တဲ့အခါမှာ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေက လျှောက်ထားတဲ့ သူနာပြု ၊သားဖွား သင်တန်းသားတွေကို အထူးကိစ္စရပ်တစ်ခုအနေနဲ့ ခေါ်ယူသွားမယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)