မြတ္စလင္ စစ္ေသြးၾကြအဖြဲ႕ အက္ကာ မူလ္ မူဂ်ာဟစ္ဒင္ ကို အိႏၵိယ စံုစမ္းေန

0
923

ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္ အစြန္းေရာက္ေတြနဲ႔ အခ်ိတ္အဆက္ရွိၿပီး ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွာ လႈပ္ရွားေနတဲ့ ႐ိုဟင္ဂ်ာ စစ္ေသြးၾကြအဖြဲ႕ အက္ကာ မူလ္ မူဂ်ာဟစ္ဒင္ကို အိႏၵိယ အာဏာပိုင္ေတြက စံုစမ္းေနတယ္လို႔ ဘီနာနယူးစ္က ေဖာ္ျပပါတယ္။

ဂ်မတ္ အူလ္ မူဂ်ာဟစ္ဒင္ ဘဂၤလားေဒ့ရွ္ (JMB) အဖြဲ႕က စစ္ေသြးၾကြ ႏွစ္ဦးကို ဖမ္းမိၿပီးေနာက္ အက္ကာ မူလ္ မူဂ်ာဟစ္ဒင္ (AMM) လို႔ ေခၚတဲ့အဖြဲ႕ကို အိႏၵိယ အမ်ိဳးသားစံုစမ္းစစ္ေဆးေရး ေအဂ်င္စီ (NIA) က စံုစမ္းစစ္ေဆးေနတာ ျဖစ္ပါတယ္။

JMB စစ္ေသြးၾကြႏွစ္ဦးဟာ ဘီဟာျပည္နယ္ရွိ ဗုဒၶဘာသာ အထြဋ္အျမတ္ထားရာ ေနရာကို ၿပီးခဲ့တဲ့လက ဗံုးခြဲမႈနဲ႔ ပတ္သက္လို႔ သံသယရွိတဲ့အတြက္ ဖမ္းဆီးထားတာ ျဖစ္ပါတယ္။

AMM အဖြဲ႔ဝင္ေတြ အိႏၵိယႏိုင္ငံထဲမွာ ရွိ၊ မရွိ စံုစမ္းစစ္ေဆးေနေၾကာင္း၊ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွာ လႈပ္ရွားေနတဲ့ အဖြဲ႔ဝင္ေတြ ျဖစ္ႏိုင္တယ္လို႔ ထင္မိေၾကာင္း၊ အိႏၵိယေရာက္ ရခိုင္ျပည္နယ္ထဲက မြတ္စလင္ေတြကို အစြန္းေရာက္ျဖစ္ေအာင္ သြတ္သြင္းႏိုင္ေၾကာင္း အိႏၵိယ အမ်ိဳးသားစံုစမ္းစစ္ေဆးေရး ေအဂ်င္စီက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွတ်စလင် စစ်သွေးကြွအဖွဲ့ အက်ကာ မူလ် မူဂျာဟစ်ဒင် ကို အိန္ဒိယ စုံစမ်းနေ

ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် အစွန်းရောက်တွေနဲ့ အချိတ်အဆက်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ အက်ကာ မူလ် မူဂျာဟစ်ဒင်ကို အိန္ဒိယ အာဏာပိုင်တွေက စုံစမ်းနေတယ်လို့ ဘီနာနယူးစ်က ဖော်ပြပါတယ်။

ဂျမတ် အူလ် မူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) အဖွဲ့က စစ်သွေးကြွ နှစ်ဦးကို ဖမ်းမိပြီးနောက် အက်ကာ မူလ် မူဂျာဟစ်ဒင် (AMM) လို့ ခေါ်တဲ့အဖွဲ့ကို အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

JMB စစ်သွေးကြွနှစ်ဦးဟာ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာ အထွဋ်အမြတ်ထားရာ နေရာကို ပြီးခဲ့တဲ့လက ဗုံးခွဲမှုနဲ့ ပတ်သက်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ AMM အဖွဲ့ဝင်တွေ အိန္ဒိယနိုင်ငံထဲမှာ ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ဝင်တွေ ဖြစ်နိုင်တယ်လို့ ထင်မိကြောင်း၊ အိန္ဒိယရောက် ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို အစွန်းရောက်ဖြစ်အောင် သွတ်သွင်းနိုင်ကြောင်း အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေး အေဂျင်စီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)