ေဆာက္လုပ္ေရး လုပ္သား လိုအပ္ခ်က္ေၾကာင့္ ျမန္မာလုပ္သားေတြကိုလည္း သီရိလကၤာ ေခၚယူမယ္

0
980

သီရိလကၤာႏိုင္ငံမွာ ေဆာက္လုပ္ေရး အေျချပဳ လုပ္ငန္းခြင္ေတြအတြက္ လုပ္သား ၃ သိန္းခြဲ လိုအပ္ေနၿပီး အဲဒီ လိုအပ္ခ်က္ကိုျဖည့္ဖို႔ ျမန္မာနဲ႔ နီေပါက လုပ္သားေတြ ေခၚယူမွာ ျဖစ္ပါတယ္။

တစ္ႏွစ္ကို ၁၂ ရာခိုင္ႏႈန္း တိုးတက္ေနတဲ့ ေဆာက္လုပ္ေရး လုပ္ငန္းအတြက္ ျမန္မာနဲ႔ နီေပါက လုပ္သားေတြ ေခၚယူဖို႔ ခြင့္ျပဳခ်က္ ရၿပီလို႔ သီရိလကၤာ ေဆာက္လုပ္ေရး လုပ္ငန္းအဖြဲ႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ နစ္ဆန္ကာ ဝိဂ်ာရတ္တေနက ေျပာပါတယ္။

ေဆာက္လုပ္ေရး လုပ္ငန္းကို ၂၀၁၈ ခုႏွစ္မွာ ၁၅ ရာခိုင္ႏႈန္းအထိ တိုးေအာင္လုပ္သင့္တယ္လို႔ သူက ေျပာေၾကာင္း ေဒးလီးနယူးစ္က ေဖာ္ျပပါတယ္။

ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြမွာ လုပ္သား ရွားပါးမႈက အဓိက ျပႆနာ ျဖစ္ေနေၾကာင္း၊ ေက်ာင္းဆင္းေတြကလည္း ဒီလုပ္ငန္းေတြမွာ ဝင္မလုပ္တဲ့အတြက္ ႏိုင္ငံျခားသား လုပ္သားေတြကို ေခၚဖို႔ကလြဲၿပီး ေရြးစရာ မရွိေၾကာင္းနဲ႔ အိႏၵိယက လုပ္သားေတြ ေခၚဖို႔ကေတာ့ တခ်ိဳ႕ အခက္အခဲေတြ ရွိေနေၾကာင္း ဝိဂ်ာရတ္တေနက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆောက်လုပ်ရေး လုပ်သား လိုအပ်ချက်ကြောင့် မြန်မာလုပ်သားတွေကိုလည်း သီရိလင်္ကာ ခေါ်ယူမယ်

သီရိလင်္ကာနိုင်ငံမှာ ဆောက်လုပ်ရေး အခြေပြု လုပ်ငန်းခွင်တွေအတွက် လုပ်သား ၃ သိန်းခွဲ လိုအပ်နေပြီး အဲဒီ လိုအပ်ချက်ကိုဖြည့်ဖို့ မြန်မာနဲ့ နီပေါက လုပ်သားတွေ ခေါ်ယူမှာ ဖြစ်ပါတယ်။

တစ်နှစ်ကို ၁၂ ရာခိုင်နှုန်း တိုးတက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းအတွက် မြန်မာနဲ့ နီပေါက လုပ်သားတွေ ခေါ်ယူဖို့ ခွင့်ပြုချက် ရပြီလို့ သီရိလင်္ကာ ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် နစ်ဆန်ကာ ဝိဂျာရတ်တနေက ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းကို ၂၀၁၈ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်းအထိ တိုးအောင်လုပ်သင့်တယ်လို့ သူက ပြောကြောင်း ဒေးလီးနယူးစ်က ဖော်ပြပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်သား ရှားပါးမှုက အဓိက ပြဿနာ ဖြစ်နေကြောင်း၊ ကျောင်းဆင်းတွေကလည်း ဒီလုပ်ငန်းတွေမှာ ဝင်မလုပ်တဲ့အတွက် နိုင်ငံခြားသား လုပ်သားတွေကို ခေါ်ဖို့ကလွဲပြီး ရွေးစရာ မရှိကြောင်းနဲ့ အိန္ဒိယက လုပ်သားတွေ ခေါ်ဖို့ကတော့ တချို့ အခက်အခဲတွေ ရှိနေကြောင်း ဝိဂျာရတ်တနေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)