နယ္ျခား ဇီး႐ိုး လိုင္းမွာ ပိတ္မိေနတဲ့ မြတ္စလင္ေတြ လံုၿခံဳေရး အာမခံခ်က္ ေတာင္းဆိုေန

0
936

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ နယ္ျခားရွိ လူေနခြင့္မရွိတဲ့ ဇီး႐ိုး လိုင္းမွာ ပိတ္မိေနတဲ့ မြတ္စလင္ ၆ ေထာင္က ႏိုင္ငံသား ျဖစ္ခြင့္ရေရးနဲ႔ လံုၿခံဳေရး အာမခံခ်က္ကို ေတာင္းဆိုေနပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က နယ္ျခားေဒသမွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္က ကိုယ္စားေတြ ေတြ႔ဆံုေဆြးေႏြးရာမွာ အဲဒီလို ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ဘက္ကလည္း သူတို႔ကို ေပးမဝင္ဘဲ ျမန္မာႏိုင္ငံထဲ ျပန္ဝင္ဖို႔ ဖိအားေပးေနပါတယ္။

အဲဒီ ပိတ္မိေနတဲ့ မြတ္စလင္ေတြကို ဦးေဆာင္တဲ့ ဒီးလ္ မိုဟာမက္ ဆိုသူက လံုၿခံဳေရးနဲ႔ ႏိုင္ငံသား ျဖစ္ေရး အာမခံခ်က္နဲ႔ သူတို႔ ဆံုး႐ံႈးထားတာေတြ ေလ်ာ္ေၾကးေပးဖို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

လံုၿခံဳမႈရွိရင္ ျပန္မယ္လို႔ လူတိုင္းက ေျပာေနတယ္လို႔ ဘဂၤလားေဒ့ရွ္ဘက္က ကိုယ္စားလွယ္ အဗၺဒူ မန္နန္က ေျပာေၾကာင္း ေဆာ္ဒီေဂဇက္ သတင္းမွာ ေဖာ္ျပပါတယ္။ ကုလသမဂၢ ေျပာခြင့္ရ အမ်ိဳးသမီးကေတာ့ ေနရပ္ျပန္မႈဟာ သူတို႔ ဆႏၵအေလ်ာက္သာ ျဖစ္သင့္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်ခြား ဇီးရိုး လိုင်းမှာ ပိတ်မိနေတဲ့ မွတ်စလင်တွေ လုံခြုံရေး အာမခံချက် တောင်းဆိုနေ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားရှိ လူနေခွင့်မရှိတဲ့ ဇီးရိုး လိုင်းမှာ ပိတ်မိနေတဲ့ မွတ်စလင် ၆ ထောင်က နိုင်ငံသား ဖြစ်ခွင့်ရရေးနဲ့ လုံခြုံရေး အာမခံချက်ကို တောင်းဆိုနေပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့က နယ်ခြားဒေသမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ကိုယ်စားတွေ တွေ့ဆုံဆွေးနွေးရာမှာ အဲဒီလို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့ကို ပေးမဝင်ဘဲ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ ဖိအားပေးနေပါတယ်။

အဲဒီ ပိတ်မိနေတဲ့ မွတ်စလင်တွေကို ဦးဆောင်တဲ့ ဒီးလ် မိုဟာမက် ဆိုသူက လုံခြုံရေးနဲ့ နိုင်ငံသား ဖြစ်ရေး အာမခံချက်နဲ့ သူတို့ ဆုံးရှုံးထားတာတွေ လျော်ကြေးပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

လုံခြုံမှုရှိရင် ပြန်မယ်လို့ လူတိုင်းက ပြောနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ်စားလှယ် အဗ္ဗဒူ မန်နန်က ပြောကြောင်း ဆော်ဒီဂေဇက် သတင်းမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂ ပြောခွင့်ရ အမျိုးသမီးကတော့ နေရပ်ပြန်မှုဟာ သူတို့ ဆန္ဒအလျောက်သာ ဖြစ်သင့်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)