Canal+ ျမန္မာႏိုင္ငံမွာ စတင္

0
898

Forever Group နဲ႔ ပူးေပါင္းၿပီး အခေပး ႐ုပ္သံဝန္ေဆာင္မႈကို ျပင္သစ္ အေျခစိုက္ Canal+ က ျမန္မာႏိုင္ငံမွာ စတင္ၿပီ ျဖစ္ပါတယ္။

Canal+ က သူ႔ရဲ႕ ခ်ယ္နယ္ ၈ ခုအပါအဝင္ ခ်ယ္နယ္ ၈၀ နီးပါးကို ျမန္မာဘာသာနဲ႔ ထုတ္လႊင့္ေပးမွာ ျဖစ္ပါတယ္။ ဆန္းသစ္တဲ့ က႑နဲ႔ မူရင္းတင္ဆက္မႈေတြအေပၚ အေလးအနက္ အာ႐ံုစိုက္သြားဖို႔ ေနရာသစ္တစ္ခုျဖစ္ေၾကာင္း၊ စိတ္ဝင္စားဖြယ္ ႏႈန္းထားနဲ႔ ပက္ေက့ခ်္ ႏွစ္ခု စီစဥ္ထားေၾကာင္း Canal+ က ေျပာတယ္လို႔ ဘေရာ့ဘန္ တီဗီ နယူးစ္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ Canal+ Group စတင္လိုက္ျခင္းဟာ အာရွမွာ ဗီယက္နမ္ၿပီးရင္ ဒုတိယ အႀကီးဆံုးျဖစ္တဲ့၊ ျမင့္မားၿပီး တိုးတက္မႈ အလားအလာရွိတဲ့ ဖြံ႔ၿဖိဳးေရး မဟာဗ်ဴဟာ အစိတ္အပိုင္းတစ္ရပ္လည္း ျဖစ္ပါတယ္။ Canal+ Group ဟာ အာဖရိကမွာလည္း လည္ပတ္ေနၿပီး အခေပးၾကည့္႐ႈသူ ၃ ဒသမ ၅ သန္းရွိကာ ႏွစ္စဥ္ အရွိန္နဲ႔ တိုးတက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

Canal+ မြန်မာနိုင်ငံမှာ စတင်

Forever Group နဲ့ ပူးပေါင်းပြီး အခပေး ရုပ်သံဝန်ဆောင်မှုကို ပြင်သစ် အခြေစိုက် Canal+ က မြန်မာနိုင်ငံမှာ စတင်ပြီ ဖြစ်ပါတယ်။

Canal+ က သူ့ရဲ့ ချယ်နယ် ၈ ခုအပါအဝင် ချယ်နယ် ၈၀ နီးပါးကို မြန်မာဘာသာနဲ့ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ ကဏ္ဍနဲ့ မူရင်းတင်ဆက်မှုတွေအပေါ် အလေးအနက် အာရုံစိုက်သွားဖို့ နေရာသစ်တစ်ခုဖြစ်ကြောင်း၊ စိတ်ဝင်စားဖွယ် နှုန်းထားနဲ့ ပက်ကေ့ချ် နှစ်ခု စီစဉ်ထားကြောင်း Canal+ က ပြောတယ်လို့ ဘရော့ဘန် တီဗီ နယူးစ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ Canal+ Group စတင်လိုက်ခြင်းဟာ အာရှမှာ ဗီယက်နမ်ပြီးရင် ဒုတိယ အကြီးဆုံးဖြစ်တဲ့၊ မြင့်မားပြီး တိုးတက်မှု အလားအလာရှိတဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ Canal+ Group ဟာ အာဖရိကမှာလည်း လည်ပတ်နေပြီး အခပေးကြည့်ရှုသူ ၃ ဒသမ ၅ သန်းရှိကာ နှစ်စဉ် အရှိန်နဲ့ တိုးတက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)