ေအာက္ေျခ ျပႆနာေတြကို ရင္ဆိုင္ဖို႔ အစိုးရကို သံတမန္ေတြ တိုက္တြန္း

0
270

လံုၿခံဳေရး၊ လြတ္လပ္စြာ သြားလာခြင့္၊ အလုပ္အကိုင္ အခြင့္အလမ္း၊ က်န္းမာေရး၊ ပညာေရးနဲ႔ ႏိုင္ငံသားကိစၥ အပါအဝင္ ေအာက္ေျခ ျပႆနာေတြကို ရင္ဆိုင္ဖို႔ ျမန္မာအစိုးရကို သံတမန္ေတြက တိုက္တြန္းလိုက္ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ေအာက္ေျခ ျပႆနာေတြကို အေလးထား လုပ္ေဆာင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း၊ ဒီကိစၥေတြကို ရခိုင္ျပည္နယ္ အႀကံေပး ေကာ္မရွင္ရဲ႕ အၿပီးသတ္ အႀကံျပဳခ်က္ထဲမွာလည္း ထည့္ထားေၾကာင္း သံတမန္ေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီ ေဒသေတြက တိုးတက္မႈေတြဟာ ေနရပ္ျပန္သူေတြအတြက္ လံုၿခံဳစြာ၊ မိမိဆႏၵအေလ်ာက္နဲ႔ ဂုဏ္သိကၡာရွိတဲ့ ေနရပ္ျပန္မႈ ျဖစ္ေပၚေရး ဖန္တီးေပးဖို႔ အကူအညီရမွာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

အောက်ခြေ ပြဿနာတွေကို ရင်ဆိုင်ဖို့ အစိုးရကို သံတမန်တွေ တိုက်တွန်း

လုံခြုံရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ နိုင်ငံသားကိစ္စ အပါအဝင် အောက်ခြေ ပြဿနာတွေကို ရင်ဆိုင်ဖို့ မြန်မာအစိုးရကို သံတမန်တွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အောက်ခြေ ပြဿနာတွေကို အလေးထား လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ဒီကိစ္စတွေကို ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အကြံပြုချက်ထဲမှာလည်း ထည့်ထားကြောင်း သံတမန်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဒေသတွေက တိုးတက်မှုတွေဟာ နေရပ်ပြန်သူတွေအတွက် လုံခြုံစွာ၊ မိမိဆန္ဒအလျောက်နဲ့ ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်မှု ဖြစ်ပေါ်ရေး ဖန်တီးပေးဖို့ အကူအညီရမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)