ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမှာ ၁၂ ဘီးကားက ဆိုင်ကယ်ကို ဝင်တိုက်မိ

0
285

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် ၁၁၄/၆ နဲ့ ၇ ကြားက ကျောက်တံခါးမြို့တွင်း သံလမ်းကုန်းအနီးမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ၁၂ ဘီး ကုန်တင်ယာဉ်က ဆိုင်ကယ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ယာဉ်မောင်း ဇော်မင်းထွန်း (၄၂ နှစ်) မောင်းနှင်လာတဲ့ နီဆန်းဒီဇယ် အစိမ်းရောင် ၁၂ ဘီးယာဉ်ဟာ ပဲပုတ်အိတ် ၃၆၀ ကို တင်ဆောင်ပြီး ရန်ကုန်ကနေ မန္တလေးကို တင်ဆောင်မောင်းနှင်လာစဉ် ဆိုင်ကယ်နံပါတ်မပါတဲ့ Dayang 110 အနက်ရောင် ဆိုင်ကယ်ကို ဝင်တိုက်ခဲ့မိတာပါ။

ဆိုင်ကယ်ယာဉ်မောင်းဟာ ဦးအနီးကူးမား(၃၃ နှစ်)ဖြစ်ပြီး အနောက်ကနေ ဦးလားဗဟာဒူး (၃၀ နှစ်)နဲ့ ဒေါ်ဖူလွယ်ဝန်သီး (၄၂ နှစ်)တို့က စီးနင်းလိုက်ပါခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးအနီးကူးမားနဲ့ ဆိုင်ကယ်နောက်မှာ စီးနင်းလိုက်ပါလာတဲ့ ဦးလားဗဟာဒူးတို့ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိကာ ဒေါ်ဖူလွယ်ဝန်သီးလည်း နှာခေါင်းနဲ့ ပါးစပ် သွေးထွက်ပြီး ဦးခေါင်းနားထင်ကွဲအက်၊ ညာဘက်နားထင်ပေါက်ပြဲ(စိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့သလို ဆိုင်ကယ်နောက်ပိုင်းလည်း ကြေမွပျက်စီးခဲ့ပါတယ်။

လက်ရှိမှာ ဒေါ်ဖူလွယ်ဝန်သီးကို ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲအုပ်ကျော်သူထက်က စစ်ဆေးဆောင်ရွက်လျက်ရှိကာ ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်(ပ) ၉/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၇/၃၃၈ နဲ့ ယာဉ်မောင်း ဇော်မင်းထွန်းကို အမှုဖွင့် အရေးယူထားပါတယ်။

 

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)