မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ သြစတြေးလျရဲတပ်ဖွဲ့ ဆက်ဆံရေး တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားမယ်

0
311

ရဲလုပ်ငန်းဆောင်ရွက်ရာမှာ နိုင်ငံတကာနဲ့ ဆက်ဆံပူးပေါင်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်လာနိုင်မှာ ဖြစ်တဲ့အတွက် သြစတြေးလျရဲတပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ ဒုတိယရဲချုပ် Mr.Neil Gaughanက ပြောကြား လိုက်ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ အတွက် သြစတြေးလျနိုင်ငံ ဒုတိယရဲချုပ် Mr.Neil Gaughan ဦးဆောင်သော အဖွဲ့ဟာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံ လာရောက်တွေ့ဆုံရာမှာ အခုလိုပြောကြားလိုက်တာပါ။

အဲဒီတွေဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူး ချုပ်ဝင်းနိုင်နဲ့အတူ အမှတ်(၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦး၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး မြင့်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတွေ၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စုမှူးနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဌာနခွဲမှူးတို့က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ဧည့်ခန်းမမှာ တွေဆုံခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ရန်ကုန်တိုင်းဒေသကြီးရှိ နယ်မြေအခြေအနေနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ဆောင်ရွက် နေမှုတွေကို ပါဝါပွိုင့်နဲ့ ရှင်းလင်းဆွေးနွေးခဲ့ပြီး သြစတြေးလျရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နဲ့အဖွဲ့မှလည်း ရဲလုပ်ငန်းဆောင်ရွက်မှာ နိုင်ငံတကာနဲ့ ဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်လာနိုင်မှာဖြစ်တဲ့အတွက် သြစတြေးလျရဲတပ်ဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေးတိုးမြှင့်ပူးပေါင်းသွားမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)