နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေ (ခွဲထွက်)အဖွဲ့ လှိုင်းဘွဲ့မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွား

0
333

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေ (ခွဲထွက်)အဖွဲ့တွေ စစ်ရေးတင်းမာမှုတွေ ဖြစ်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗိုလ်မှူးသိန်းဇော်မင်းက MCN သတင်းဌာန ဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကေဘီအေ(ခွဲထွက်)အဖွဲ့က ပြည်သူတွေသွားလာနေတဲ့ ကျုံထော်ရေတံခွန်အနီးမှာ ဆွဲမိုင်းနဲ့တိုက်မိုင်းတွေ ထောင်နေပြီး အဲဒီလိုဆွဲမိုင်းနဲ့ တိုက်မိုင်းတွေကို နယ်ခြားစောင့်တပ်က လိုက်လံရှင်းလင်းရာကနေ အခုလို တိုက်ပွဲတွေ ဖြစ်တာလို့လည်းပြောပါတယ်။

ဒီကေဘီအေ(ခွဲထွက်) အဖွဲ့က အခုရက်ပိုင်းတွေမှာ မြိုင်ကြီးငူဒေသဘက်ကို ၀င်ရောက်လာပြီး ပန်တော်မှီဆိုတဲ့တောင်တကျောမှာ ဒီကေဘီအေ(ခွဲထွက်)အဖွဲ့က ကျူးကျော်ဝင်ရောက်မှုတွေ ရှိနေပြီး နယ်ခြားစောင့်တပ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်နေတာလို့လည်း ဆိုပါတယ်။

အခုလို ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့အတွက် ဒီကေဘီအေ(ခွဲထွက်)အဖွဲ့က ဗိုလ်မှူးကြီး စောဆန်အောင်ကို MCNသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တယ်လီဖုန်း စက်ပိတ်ထားတဲ့အတွက် မေးမြန်းခွင့် မရှိခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေ(ခွဲထွက်)အဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကရင်တိုင်းရင်းသား ဒေသခံ (၁၅၀)ကျော်ကလည်း ထိုင်းနိုင်ငံဘက်ခြမ်းက စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ သွားရောက် ခိုလှုံနေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)