ပဲခူးတံတား တည်ဆောက်ရေးနဲ့ ရန်ကုန်-မန္တလေး ရထားလမ်း ပြုပြင်မွမ်းမံရေး ဆွေးနွေး

0
398

လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစား အလတ်စား စီးပွားရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေး၊ မက်ခရို စီးပွားရေးကို အထောက်အပံ့ပေး နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်လာဖို့ ဆွေးနွေးမှုတွေကို ဒီကနေ့ နေပြည်တော်မှာရှိတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းဝေးခန်မမှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr.Hideo WATANABE ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ပြုလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် ပဲခူး တံတား တည်ဆောက်ရေးနဲ့ ရန်ကုန်-မန္တလေး ရထားလမ်း ပြုပြင်မွမ်း မံရေး၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် ရေး အတွက် ငွေရေးကြေးရေးဆက်သွယ်မှု ခိုင်မာစေရေး၊ မှန်ကန်တဲ့မူဝါဒတွေ ရေးဆွဲရေးတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေနဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)