လက်ပံတောင်းတောင်ဒေသခံတွေ ဝမ်ပေါင် ကုမ္ပဏီကနေ သီးနှံလျော်ကြေးရဖို့ ဆန္ဒပြ

0
324

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ ဒေသခံ၂၀၀ နီးပါးက ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့လယ်ပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီထဲက ကြေးနီသယ်ဆောင်လာတဲ့ ကားတွေကို တားဆီးပြီး သီးနှံလျော်ကြေးငွေရဖို့ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

ဆန္ဒပြသူတွေဟာ မိုးကြိုးပြင် အလယ်ရွာ၊ မိုးကြိုးပြင် မြောက်ရွာ၊ မိုးကြိုးပြင် တောင်ရွာ၊ ဆည်းတဲရွာက ဒေသခံတွေဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ လက်ပံတောင်းတောင် အစီရင်ခံစာပါ အစားထိုးမြေ ဧက ၁၉၀၀ ကို ဖော်ထုတ်ပေးရေး၊ မြေသိမ်းလျော်ကြေးမယူထားတဲ့ သိမ်းဆည်းခံ မြေယာတွေအတွက် သီးနှံလျော်ကြေးပေးရေး၊ ကြေးနီးစီမံကိန်း လုပ်ငန်း ဖော်ဆောင်ရေးကော်မတီမရှိဘဲ ကြေးထုတ်ယူနေမှုကို လုံးဝရပ်ဆိုင်းပေးရေး၊ လက်ပံတောင်းတောင်ဒေသတွင်း ကြေးနီစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို ပြန်လည်တည်ဆောက်ပေးရေး စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)