ခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နေခဲ့တဲ့ အဆောက်အဦထဲမှာ ကျည်ဆန်ထိပ်ဖူး (၈)ခု တွေ့ရှိ

0
280

စစ်ကိုင်းတိင်းဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ကွက် သစ်တောရုံးလမ်းနဲ့ ကမ်းနားလမ်းအကြားထဲက အရင် ခရိုင်အုပ်ချုပ်ရေးမှူးဟောင်း နေခဲ့တဲ့ ၀န်ထမ်းအိမ်ရာ အဆောက်အဦထဲမှာ ဖေဖော်ဝါရီလ(၂၀)ရက်နေ့က ကျည်ဆန်ထိပ်ဖူး(၈)ခု တွေ့ရှိခဲ့ပါတယ်။

အဲဒီကျည်ဆန်ထိပ်ဖူးတွေကို တွေ့ရှိခဲ့သူဟာ ကိုခင်မောင်ထူးဖြစ်ပြီး အမှိုက်ပုံကို ၀င်ရောက်ရှင်းလင်းရာကနေ လူမနေတဲ့ ၀န်ထမ်းအိမ်ရာ အဆောက်အဦးထဲမှာ အခုလို ကျည်ဆန်ထိပ်ဖူးတွေ့ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့ ကျည်ဆန်ထိပ်ဖူး(၈)ခုကို မုံရွာမြို့က သက်ဆိုင်ရာ ရဲစခန်းမှာ အပ်လိုက်တယ်လို့လည်း သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)