၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ကျောက်မျက်ကဏ္ဍကနေ အခွန်နှစ်ရပ်ပေါင်း ကျပ် ၁၂၀ ဘီလီယံ ရရှိခဲ့

0
319

၂၀၁၆-၁၇ ဘဏ္ဍာနှစ်စကနေ ဒီဇင်ဘာလအထိ ကျောက်မျက်အရိုင်းနဲ့ အချောထည်တွေအပေါ် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အခွန်နှစ်ရပ်ပေါင်း ငွေကျပ် ၁၂၀ ဘီလီယံကျော် ရရှိခဲ့တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်အကောက်ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ ဆွေးနွေးမှုအပေါ် ခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျောက်မျက်အရိုင်းနဲ့အချောတွေအပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူခဲ့ပေမဲ့ အဲဒီမတိုင်ခင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာတော့ ရတနာခွန်အပြင် ကုန်သွယ်လုပ်ငန်းခွန်ပါ ကောက်ခံခဲ့တဲ့အတွက် ငွေကျပ် ၁၆၆ ဘီလီယံ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်းမှာတော့ ရတနာခွန်တစ်မျိုးတည်းသာ ကောက်ခံခဲ့တဲ့အတွက် ငွေကျပ် ၇၃ ဘီလီယံ ကျော်သာ ရရှိခဲ့တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)