မြ၀တီမှာ KNU/KNLA(PC) အရာရှိတစ်​ဦးဆီက လက်နက်၊ ကျည်ဆံ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

0
372

ကရင်​ပြည်​နယ်​၊ မြဝတီမြို့မှာ ဖေဖော်ဝါရီလ(၁၇) ရက်နေ့က KNU/KNLA(PC) အရာရှိတစ်​ဦးဆီက လက်နက်၊ကျည်ဆံ မူးယစ်ဆေးဝါးတွေ
ဖမ်းမိခဲ့ပါတယ်။

KNU/KNLA(PC) ရင်း (၇၀၈) ဌာနက ခွဲမှူး ဗက အဆင့်ရှိသူ ဆန်းဝင်း(ခ)ဗိုလ်​ရန်​နိုင်​ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ မြို့ပတ်လမ်း၊ မင်းသားကြီးထမင်း ဆိုင်​အနီးမှာ KNU/KNLA(PC) နံပါတ်ပြား တပ်ဆင်ထားတဲ့ ဗွီဂိုအမျိုးအစား မော်တော်ယာဉ်ကို ရပ်ဆန့်ရှာဖွေစစ်ဆေးရာကနေသူ စီးလာတဲ့ ယာဉ်​​ပေါ်မှာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းနဲ့ Austria နိုင်ငံထုတ် Glock.19 အမျိုးအစား ၉ မမ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ကျည် ၃ တောင့်၊ မြန်မာငွေကျပ်(၁)သိန်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီပုဂ္ဂိုလ်နဲ့အတူ စပ်ဆက် မူးယစ်ဆေးဝါးတရားခံ ရှစ်ဦးရမိခဲ့ပြီး စောကျော်ထူး ခလိန်း၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်း မောင်မင်းဟန်ထွန်းမှာ ကျည်ထိမှန်ခဲ့ပြီး Colt အမျိုးအစား ပွိုင့် ၂၂ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ကျည်ခွံ တစ်ခု၊ လုပ်သေနတ် ၁ လက်၊ ကျည် ၂ တောင့်၊ ပွိုင့် ၂၂ ကျည် ၆ တောင့်၊ ၉၁ အမျိုးအစား လက်ပစ်ဗုံး ၁ လုံး နှင့် မော်တော်ယာဉ် ၂ စီး တို့ကို သိမ်းဆည်း ရမိခဲ့ပါတယ်။

စုစုပေါင်း မူးယစ်ဆေးဝါး ဆေးပြား (၇၈,၄၀၀) ပြားကျော်နဲ့အတူ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)