မိုးကောင်းမြို့နယ်မှာ မိုင်းနင်းမိလို့ အမျိုးသမီးတစ်ဦး သေဆုံး

0
343

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲစွန်းကျေးရွာက မိးသားစုတစ်ခုဟာ အိမ်မိုးဖို့ တောထဲကို သက်ကယ်ခုတ် သွားရာကနေ ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှာ မိုင်းနင်းမိခဲ့ရာမှ အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လွဲစွန်းကျေးရွာမှာနေထိုင်တဲ့ မစိုးစိုးအေး(ခ)ကြီးချော(၂၃)နှစ် ဟာ ဖခင်ဖြစ်သူ ဦးအောင်အောင်(၅၃)နှစ်၊ အစ်မဖြစ်သူ မစိုးစိုးအောင်(၃၀)နှစ်တို့နဲ့ အတူ ဖေဖော်ဝါရီ (၁၇) ရက်နေ့ မနက်ခင်းပိုင်းက လွဲလောကျေးရွာရဲ့အရှေ့ဘက် လွဲစွန်းတောင်ကြော နိမ္မိတဘုရားတောင်အနီးမှာ အိမ်မိုးဖို့ သက်ကယ်ခုတ် သွားရာ ကနေ အခုလို မိုင်းနင်းမိခဲ့တာလည်း ဖြစ်ပါတယ်။

ဝမ်းဗိုက်၊ ဝဲ/ယာပေါင်ခြေသလုံးနဲ့ ယာဘက်ခြေကျင်းဝတ်ထက်ပိုင်းကျိုး ဒဏ်ရာတွေရရှိခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးလည်း မိုင်းမှန်ပြီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း အဲဒီမိုးကောင်းမြို့နယ်တွေမှာ မိုင်းထိပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ အများအပြားရှိနေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)