ကုလသမဂ္ဂ အစီရင်ခံစာထွက်ပြီးနောက် စုံစမ်းစစ်ဆေးရေးကော်မရှင် မောင်တောကို သွားရောက်စစ်ဆေး

0
280

ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က အစီရင်ခံစာတစ်စောင် ထွက်လာပြီးနောက်မှာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က မောင်တောကို တစ်ပတ်ကြာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မောင်တောဒေသကို သွားရောက်စစ်ဆေးခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် ထုတ်ပြန်ချက်မှာ ပါတဲ့ ထိခိုက်နစ်နာမှုရှိနေတယ်ဆိုတဲ့ ကျေးရွာပေါင်း ၂၀ ကိုလည်း သိုသိုသိပ်သိပ် သီးခြားတွေ့ဆုံပြီး ကွင်းဆင်းမေးမြန်း လေ့လာမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကော်မရှင်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သင့်လျော်တဲ့သူတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး မောင်တောဒေသအတွင်း ကွင်းဆင်းဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)