ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ချင်းလူမျိုးတွေ စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းပါဝင်ဖို့ သမ္မတ ဦးထင်ကျော် တိုက်တွန်း

0
301

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ မကြာခင်ကျင်းပတော့မယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ချင်းလူမျိုးတွေအနေနဲ့ စည်းလုံးညီညွှတ်စွာ ၀ိုင်းဝန်းပါဝင်ဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်း လိုက်ပါတယ်။

သမ္မတ ဦးထင်ကျော် တိုက်တွန်းလိုက်တဲ့အထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစု ပင်လုံအောင်မြင်ရေး၊ ပြည်ထောင်စုမျှော်မှန်းချက် ပြည့်ဝအောင်မြင်ရေး၊ တိုင်းရင်းသားတွေလိုလား တောင့်တ နေတဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ်စနစ် ထွက်ပေါ်လာရေး စတဲ့ အချက်တွေကို ဖလမ်းမြို့မှာ ကျင်းပနေတဲ့ (၆၉) နှစ်မြောက်ချင်းအမျိုးသားနေ့ မိန့်ခွန်းမှာ တိုက်တွန်း ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။

ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံဆိုတာဟာ သမိုင်းနဲ့အထင်ကရဖြစ်ပေါ် လာပြီး အဓိကတော့ တိုင်းရင်းသားအားလုံး ဆက်လက်ပြီးမှ ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းသွားကြဖို့ ပြောဆိုသွားတယ်လို့လည်း ချင်းပြည်နယ်လွှတ်တော်ဒု-ဥက္ကဌ ဦးအောင်သန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)