ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရပ် ကို MICC-II နေပြည်တော်မှာ ကျင်းပမယ်

0
325

“ပထမအကြိမ် အရပ်ဘက်အဖွဲ့ အစည်းများဖိုရမ်” ကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာ-၂ (MICC-II)နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲဖိုရမ်တွေရဲ့ ရည်ရွယ်ချက်တွေ ထိရောက် အောင်မြင်စေဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှ တာဝန်ရှိသူတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီက သတင်းထုတ်ပြန်ထားတာပါ။

“ပထမအကြိမ် အရပ်ဘက်အဖွဲ့ အစည်းများဖိုရမ်”မှာ ပြည်ထောင်စုတစ်ဝန်း ငြိမ်းချမ်းရေးနဲ့ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ဖိတ်ကြားထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကွန်ရက်တွေ စုပေါင်းပြီးဆွေးနွေး မယ့်သူ ၆၀၀က တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ဆွေးနွေးပွဲတွေကို နေပြည်တော်နဲ့ တောင်ကြီးမြို့တွေမှာလည်း ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)