အငှားယာဉ် (Taxi) တွေကို ထက်ဝက်ခန့် လျှော့ချမယ်

0
274

ရန်ကုန်မြို့မှာ ယာဉ်ကြောကြပ်တည်းမှုကို ဖြေလျှော့တဲ့အနေနဲ့ အငှား ယာဉ်(Taxi)တွေကို ထက်ဝက်ခန့် လျှော့ချသွားမှာဖြစ်တယ်လို့ ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ကြပ်တည်းမှုထဲမှာ အငှားယာဉ် (TAXI) တွေကလည်း ပါဝင်နေတာကြောင့် ပြန်လည် စိစစ်ပြီး လျှော့ချသွားမှာပါ။ လက်ရှိမှာ အဲဒီအဌားယာဉ်တွေ အစီးရေဘယ်လောက် လျှော့ချမယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပေမယ့် တိုင်းဒေသကြီးအစိုးရအနေနဲ့ အဆင့်ဆင့် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်မှာ အစီးရေ ၆၆၀၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)