စာမေးပွဲဖြေဆိုဖို့သွားတဲ့ ကျောင်းသားတွေ ကားမှောက်လို့ ၅ ဦးသေဆုံးပြီး (၁၇) ဦး ဒဏ်ရာရရှိ

0
256

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုးမြို့က စာစစ်ဌာနချုပ်မှာ စာမေးပွဲဖြေဆိုဖို့သွားတဲ့ ကျောင်းသားတွေ စီးလာတဲ့ လေးလုံးထိုးကာဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မိုင်းကိုးမြို့နယ် ဟမ်းငိုင်းကျေးရွာနဲ့ ပန်ကေတုကြား လွိုင်မိုက်ဟုန်းခမ်းတောင်ကြား အဆင်းမှာ ကမ်းပါးရံကို ၀င်တိုက်ခဲ့ရာမှ ကျောင်းသားငါးဦး သေဆုံးခဲ့ပြီး (၁၇)ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ကားပေါ်မှာ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားမိဘတွေ စုစုပေါင်း (၂၄) ဦး စီးနင်းလိုက်ပါခဲ့ပြီး၊ ကျောင်းသား(၄)ဦးနဲ့ ကားဆရာ(၁)ဦး ပွဲခြင်းပြီး သေဆုံးခဲ့ကြပြီး (၁၇) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကျောင်သားတွေဟာ လေးတန်းကျောင်းသားတွေနဲ့ ရှစ်တန်းကျောင်းသားတွေပဲဖြစ်ပါတယ်။

ဒဏ်ရာရတဲ့ (၁၇) ယောက်ဟာ ကျောင်းသား (၁၃) ယောက်နဲ့ ကားစပယ်ယာ (၁) ယောက်၊ ဆရာမ (၂) ယောက်နဲ့အတူ ကျောင်းသားမိဘ (၁)ယောက်ဖြစ်ကြပြီး ဒဏ်ရာရရှိထားတဲ့ ကျောင်းသားတွေဟာ စိုးရိမ်နေရတဲ့အတွက် မိုင်းကိုင်မြို့ပြည်သူ့ဆေးရုံကနေ တောင်ကြီးဆေးရုံကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)