ပဲခူးမှာ ကျောင်းထိုင်ဆရာတော်ကို ရိုက်နှက်ပြီး ဘုန်းကြီးကျောင်း အနုကြမ်းစီးမှု ဖြစ်ပွား

0
362

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို အနုကြမ်းစီးတဲ့ဖြစ်ရပ် ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းအပိုင် ၆ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြတောင်ဘုန်းကြီးကျောင်း ဒီကနေ့ နံနက် ၉ နာရီမှာ အနုကြမ်းစီးခံခဲ့ရတာပါ။

မြတောင်ကျောင်းတိုက်မှာ ကျောင်းထိုင်ဆရာတော် ဦးတိက္ခဝံ တစ်ပါးတည်း သီတင်းသုံးနေစဉ် ကျောင်းတံခါးမကြီးဘက်က “ဆွမ်းဝတ်ပါဘုရား”လို့ အော်ဟစ်သံပြုတာကြောင့် ဆရာတော်က တံခါးဖွင့်ပေးရာမှာ အမည်မသိ လူနှစ်ယောက်က ဆရာတော်ကို ချုပ်ပြီး ဦးခေါင်းနောက်စေ့ကို လက်နက်တစ်ခုခုနဲ့ ရိုက်နှက်ခဲ့ပါတယ်။

အဲဒီနောက် အခန်းသော့ကို လုယက်ပြီး ဆရာတော်ရဲ့အခန်းထဲမှာ ပစ္စည်းတွေကို မွှေနှောက်ရှာဖွေခဲ့ကြကာ ကျောင်းဝင်းအတွင်းမှာ ရပ်ထားတဲ့ ကားကိုမောင်းနှင်ပြီး ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းထိုင်ဆရာတော်က ရိုက်နှက်ပြီး အနုကြမ်းစီးခဲ့သူ နှစ်ယောက်ထဲက တစ်ယောက်ကိုတော့ မှတ်မိတယ်လို့ ဆိုပါတယ်။

မြတောင်ကျောင်းတိုက်ဟာ အရင်တုန်းကလည်း ငွေကျပ် သိန်း ၁၆၀ အလုယက်ခံရခဲ့ဖူးပြီး အမှုဖွင့် တိုင်ကြားတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း ဆရာတော်နဲ့ ဒါယိကာ၊ ဒါယိကာမတွေက အမှုဖွင့်လှစ်တာမျိုး မရှိပေမဲ့ သက်ဆိုင်ရာကို သတင်းပို့တင်ပြထားပြီ ဖြစ်တဲ့အတွက် နယ်မြေရဲစခန်းက ကျူးလွန်ခဲ့သူတွေကို လိုက်ခံ ရှာဖွေနေပါတယ်။

ရိုက်နှက်ခံရတဲ့ဒဏ်ကြောင့်လည်း ဆရာတော့်ရဲ့ ဦးခေါင်နောက်စေ့မှာ တစ်လက်မခန့် ပွန်းခြစ်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)