ယာဉ်အစီးရေ လိုအပ်ချက်ရှိနေမှုအပေါ် အမြန်ဆုံး ဖြည့်တင်း ဆောင်ရွက်သွားမယ်

0
245

ခရီးသည်တင်ယာဉ် အစီးရေလိုအပ်ချက်ရှိနေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘတ်စ်ကား အစီးရေ တစ်ထောင်ခန့် ပြည်ပမှ ဝယ်ယူ ဖြည့်တင်း သွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ပြခရီးသည်ပို့ဆောင်ရေးမှာ ယာဉ်အစီးရေ ၃၆ဝဝ ကျော်ခန့် ပြေးဆွဲလျက်ရှိနေပေမယ့် ယာဉ်အစီးရေနဲ့ ခရီးသည် မျှတမှုမရှိဘဲ ယာဉ်လိုအပ်ချက်ရှိ နေတဲ့အတွက် အစိုးရအနေနဲ့ ခရီးသည်တင်ယာဉ်တွေကို ပြည်ပမှအမြန်ဆုံးဝယ်ယူဖြည့်တင်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိနေတာပါ။ ရန်ကုန်မြို့မှာ ဘတ်စ်ကားပြေးဆွဲမှုစနစ်သစ် စတင်ခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ ခရီးသည်တင်ယာဉ် အစီးရေ ၂၈ဝဝ ခန့်သာ ပြေးဆွဲနိုင်ခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်မှာ အစီးရေ ၃ဝဝဝ ကျော်ခန့်၊ ဇန်နဝါရီ ၁၈ ရက်မှာ အစီးရေ ၃၄ဝဝ ခန့်နဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ၃၆ဝဝ ခန့် ပြေးဆွဲခဲ့ပြီး စေတနာရှင် အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေက အခမဲ့ယာဉ်တွေလည်း ပါဝင်ပြေးဆွဲပေးခဲ့ရတာဖြစ်ပါတယ်။

ဇန်နဝါရီ ၂ဝ ရက်မှာတော့ ၃၆ဝဝ ကျော်ခန့် ပြေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားပြီး စေတနာရှင်တွေရဲ့အခမဲ့ ကူညီပြေးဆွဲမှုတွေရှိပေမယ့် ယာဉ်အစီးရေလိုအပ်ချက်ရှိနေမှုအပေါ် အမြန်ဆုံးဖြည့်တင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)