ထိုင်းခရီးသွား အယောက် ၄၀ ကို ကရင်တိုင်းရင်းသားတွေ ပြန်ပေးဆွဲခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြော

0
259

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသား ခရီးသွား အယောက် ၄၀ ကို ကရင်တိုင်းရင်းသားတွေက ဓားစာခံအဖြစ် ပြန်ပေးဆွဲခဲ့တယ်လို့ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့က ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီ ထိုင်းခရီးသွားတွေကို မြန်မာနိုင်ငံ ပိုင်နက်အတွင်းမှာ ကရင်တိုင်းရင်းသားတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ခရီးသွားတွေကို ပြန်လွှတ်ပေးစေချင်ရင် လူကုန်ကူးမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေနဲ့ အဲဒီကရင်တိုင်းရင်းသား အုပ်စု ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ တချို့ ဓားစာခံတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Straits Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ကရင်အမျိုးသားတစ်ယောက်ကို လူကုန်ကူးမှုတစ်ခုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာ ဖမ်းဆီးခံရတဲ့ ကရင်တိုင်းရင်းသားရဲ့ အပေါင်းဖော်တွေက သူ့မှာ အပြစ်မရှိဘူးလို့ယူဆပြီး ထိုင်းခရီးသွားတွေကို ပြန်ပေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)