အကြီ စားသောက်ဆိုင် မီးလောင်မှု ဖြစ်ပွားရာမှ လူငါးဦး သေဆုံး

0
303

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၈)ရပ်ကွက်၊ မောင်းမကန်လမ်းနဲ့ စည်ပင်လမ်းထောင့်ရှိ ဦးဖေဟန်ပိုင်ဆိုင်တဲ့ အကွီစားသောက်ဆိုင်မှ ဒီကနေ့မနက် ၄း၃၅ က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုဟာ စားသောက်ဆိုင်အတွင်းမှာရှိတဲ့ မီးကျွင်းမီးကျန်မှတစ်ဆင့်ဂတ်စ်အိုးမှ စိမ့်ထွက်နေတဲ့ ဂတ်စ်တွေနဲ့ထိတွေ့ပြီး မီးလောင်မှု
ဖြစ်ပွားရတာပါ။ အဲဒီမီးလောင်မှုကြောင့် မောင်တုံတုံ (၂၇)နှစ် အဘ ဦးဖေဟန်မှာ သေဆုံးလျက်ရှိနေပြီး၊ မီးငြိမ်းသတ်ပြီးရာမှ စားသောက်ဆိုင်နဲ့ အဆောက် အဦအတွင်း ထပ်မံရှင်းလင်းရာ နေအိမ်အောက်ထပ်ရေကန်အတွင်းမှ အလုပ်သမားတွေဖြစ်ကြတဲ့ မောင်ကောင်းထက်စံ (၁၃)နှစ်(၁၈)ရပ်ကွက် ဒဂုံ(တောင်)၊ မောင်နေလင်းဦး(၁၇)နှစ်တွံတေးမြို့၊ မောင်မင်းမင်း (၁၉)နှစ်(၂၀)ရပ်ကွက် ဒဂုံ(တောင်)၊ မောင်ဝိုင်းတုံချစ်(၁၂)နှစ် တွံတေးမြို့တို့(၄)ဦးတို့ဟာ ရေကန်အတွင်း သေဆုံးနေကြပါတယ်။

မီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင် ဦးဖေဟန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မီးသတ်ဥပဒေပုဒ်မ (၂၈၅/၃၀၄-က(ပ/၇၈/၁၇)နဲ့ အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)