ထန်းတပင်မြို့နယ်၊ ကျွန်းငူကမ်းနား သင်္ဘောဆိပ် မြစ်ကမ်းထိန်းနံရံ ပြိုကျ

0
295

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျွန်းငူကမ်းနားသင်္ဘောဆိပ် မြစ်ကမ်းထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမြေပြိုမှုဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ညနေကဖြစ်ပွားခဲ့တာပါ။

အမြင့်ပေ ၆၀ ကျော်အထိ ပြိုကျခဲ့တာဖြစ်ပါတယ်။အဲဒီမြစ်ကမ်းပါးဟာ ယခင်နှစ်တွေကလည်း ပြိုကျမှုဖြစ်ပေါ်ခဲ့တဲ့အတွက် မြစ်ကမ်းစပ်တွေမှာ ကျောက်တွေချပြီးမြစ်ကမ်းပါးထိန်းနံရံတည်ဆောက်ထားခဲ့ပေမယ့် ယခုနှစ်မှာ ဇန်န၀ါရီ ၁၆ ရက် ညနေပိုင်းမှစတင်ပြီး မြစ်ကမ်းထိန်းနံရံအက်ကွဲလာကာ မြေသားတွေနိမ့်ဆင်းလာခဲ့တာဖြစ်ပါတယ်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီး နေထိုင်ကြတဲ့ လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ ပြောင်းရွှေ့နေကြပြီး ကလေးတွေကို နီးစပ်ရာဆွေမျိုးတွေက ခေါ်ယူထားကြရပါတယ်။ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေဖို့နဲ့ လိုအပ်ပါက အကူအညီပေးနိုင်ရေးတို့အတွက် ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးးနဲ့ အဖွဲ့ဝင်တွေ မီးသတ်တပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးးနဲ့ အဖွဲ့ဝင်တွေက အချိန်ပြည့်ကြည်ရှု စောင့်ရှောက်လျှက် ရှိနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)