ရခိုင်ပြည်နယ်ပြဿနာကို ဆွေးနွေးဖို့ အိုအိုင်စီအထူးအစည်းအဝေး ခေါ်ယူတဲ့အပေါ် ပြန်လည် တုံ့ပြန်

0
310

မြန်မာနိုင်ငံအရေးကိစ္စဖြစ်တဲ့ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး အိုအိုင်စီအထူးအစည်းအဝေးခေါ်ယူကျင်းပခဲ့တဲ့ အပေါ် မြန်မာနိုင်ငံရဲ့သဘောထား ရပ်တည်ချက်နဲ့ ပတ်သက်တဲ့အချက်(၈)ချက်ပါတဲ့ ထုတ်ပြန်ကြေညာချက်ကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အရေးကြီးကိစ္စဖြစ်တဲ့ ရခိုင်ပြည်နယ်ပြဿနာကိုဆွေးနွေးဖို့ အိုအိုင်စီအထူးအစည်း အဝေးခေါ်ယူကျင်းပလိုက်တဲ့အပေါ်မှာ အခုလိုပြန်လည်တုံ့ပြန်လိုက်တာပါ။

ရခိုင်ပြည်နယ်ပြဿနာကို ရေရှည်တည်တံ့မယ့် ဖြေရှင်းမှုတစ်ခုရရှိရေးကို အာရုံစိုက်ဆောင်ရွက်ကြတာဟာ အသိုက်အဝန်း နှစ်ရပ်စလုံးရဲ့ အကျိုးကို အကောင်းဆုံး ဖော်ဆောင်နိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ ဖိအားပေးမှုတွေ ပြုလုပ်နေတာဟာ ပြဿနာကို ပိုမို ရှုတ်ထွေးစေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)