ဆိုင်ကယ်ဖြင့် မီးရထားလမ်း ဖြတ်ကူးသူ အမျိုးသမီး ရထားတိုက်မိပြီး သေဆုံး

0
291

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် ကဆိုင်ကယ်နဲ့ မီးရထားလမ်းဖြတ်ကူးသူ အမျိုးသမီးကို ရထားတိုက်မိပြီး ဦးခေါင်းပြတ်ရှ သေဆုံးမှူဖြစ်ပွားခဲ့ပါတယ်။

နယ်မြေရဲစခန်း၏မြောက်ဘက် လေးမိုင်ခန့်အကွာ ညောင်ပင်ကြီး ကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာနဲ့ ဥယျာဉ်တော် ကျေးရွာ မီးရထားသံလမ်းကူး မီးရထားကြေးနန်း မိုင်တိုင်အမှတ် ၁၆၁/၇ နှင့် ၈ အကြားမှာ တိုက်မိခဲ့တာပါ။

ရထားတိုက်မိပြီး သေဆုံးနေကြောင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ အုတ်တွင်းဘူတာရုံမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များမှ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာတွင် သေဆုံးသူမှာ ဒေါ်မိုးမိုးညွန့် ၄၄ နှစ် (ဘ)ဦးညွန့်မောင် အုတ်ကျွတ်တန်းရပ် တောင်ငူမြို့နေသူဖြစ်ပြီး ဆိုင်ကယ်အမှတ် ၂၇ ယ/၂၅၄၀၇ KANDAR အနက်ရောင်ဖြင့် မုန့်မျိုးစုံတင်ဆောင်၍ လိုက်လံရောင်းချနေသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)