ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူရှစ်ဦးသေဆုံး

0
280

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအမှတ် ၃ လမ်းဆုံအမြန်လမ်းမကြီး ရဲစခန်းအပိုင်မိုင်တိုင်အမှတ် ၄/၁နှင့် ၄/၂ အကြားမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ဘုရားဖူးရာမှ ပြန်လာသော ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဝင်းထွန်း နေရပ်လိပ်စာ (စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ် 9H/7167 HIACE အဖြူရောင် မော်တော်ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အလူမီနီယံတန်းများကို ဝင်တိုက်မိခဲ့တာကြောင့် ဓာတ်ဆီတိုင်ကီကွဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီ ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်မှာပါလာသူ ယာဉ်မောင်းပါ ကျားနှစ်ဦး၊ မခုနှစ်ဦးအနက်မှ ရှစ်ဦးမှာသေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)