မဲစာရင်း ကိုယ်တိုင် စစ်ဆေးဖို့ ရွေးကောက်ပွဲ ကော်မရှင် တိုက်တွန်း

0
387

ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မယ့် မဲဆန္ဒနယ်မြေတွေက မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းတွေကို ကိုယ်တိုင် လာရောက်စစ်ဆေးကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်း လိုက်ပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မီဂါဇာဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအကြို လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေး ဆိုင်ရာသင်တန်းမှာ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက အဲ့ဒီလိုပြောကြား လိုက်တာပါ။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွေကို မြန်မာပြည်အနှံက လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဲ့ဒီထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၈) ခုက မြို့နယ်ပေါင်း ၂၂ မြို့နယ် ပါဝင်နေတာဖြစ်ပါတယ်။

ဒီမြို့နယ်တွေကတော့ မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူး၊ ထန်တလန်၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ကမာရွတ်၊ ကြည့်မြင့်တိုင်၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ၊ ဖရူဆို၊ ကျိုင်းတုံနဲ့ ညောင်ရွှေမြို့နယ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)