ရုပ်သံ မဲဆွယ်စည်းရုံး ဟောပြောမှုတွေကို လာမယ့် ဇန်န၀ါရီလ ၃၀ ရက်နေ့က စတင် ခွင့်ပြု

0
285

နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုလိုင်းတွေကနေ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံး ဟောပြောမှုတွေကို လာမယ့် ဇန်န၀ါရီလ ၃၀ ရက်နေ့က စတင် ခွင့်ပြုထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ၁၅ မိနစ်စာ ကြာမြင့်ချိန်ရှိမယ့် မဲဆွယ်စည်းရုံးဟောပြောမှု အစီအစဉ်မှာ ထည့်သွင်းဟောပြောလိုတဲ့ အကြောင်းအရာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို တစ်ပတ်ကြိုတင် ပေးပို့ကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။

ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံး ဟောပြောမှုတွေကို ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ရေးသားပေးပို့ကြရမှာ ဖြစ်ပြီး ကော်မရှင်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး စိစစ်ခွင့်ပြုတာ ဒါမှမဟုတ် ငြင်းပယ်တာတွေကို ပြုလုပ်သွားမယ်လို့လည်း ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)