ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လိုသူတွေ မတ်လ ၁၅ ရက်နေ့နောက်ဆုံး လျှောက်ထားဖို့ တိုက်တွန်း

0
348

ဧပြီလ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်တွင်း/ပြည်ပက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်လိုသူတွေ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ အစိုးရသစ်က ဦးဆောင်ပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို လွတ်လပ်၊ သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြစ်မြောက်ရေးအတွက် နိုင်ငံတကာ သံရုံးတွေက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ခေါ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်တာဝန်ရှိသူတွေက ပြောကြားထားတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုဝင်ဘာလ ၂ ရက်နေ့က စတင်ကာ ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ လျှောက်ထားခွင့်ပြုချက်ရယူဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)